အာဟာရဓာတ်ပြည့်ဝတဲ့ ရိုးရိုးရှင်းရှင်း ကြက်သားပန်းစိမ်းကြော်လေး

//s9.kh1.co/47/472ca7007f756945b143986a4727c99f82553d4a.jpg
MPT Lifestyle

 ၁၁-ပြီ-၂၀၂၄ ၂pm · လွန်ခဲ့သော ၂၀ ရက် က

အာဟာရဓာတ်ပြည့်ဝတဲ့ ရိုးရိုးရှင်းရှင်း ကြက်သားပန်းစိမ်းကြော်လေး

ဟင်းချက်ရမှာ ပျင်းတဲ့ ပျိုမေ‌တွေအတွက် လွယ်ကူရိုးရှင်းပြီး အာဟာရဓာတ်အစုံ တစ်ခါတည်းရမယ့် ကြက်သားပန်းစိမ်းကြော် လေး ကြော်စားကြည့်ရအောင်

ကြက်သားပန်းစိမ်းကြော်လေး လုပ်ဖို့အတွက် လိုအပ်တဲ့ ပါဝင်ပစ္စည်းတွေကတော့

၁။ ပန်းစိမ်း

၂။ ကြက်သား

၃။ ကြက်သွန်ဖြူ

၄။ အသားမှုန့် ၊ ဆား

၅။ ဆီ တို့ပဲ လိုအပ်ပါတယ်နော်။

https://s9.kh1.co/__image/w=650,h=342,q=100/a0/a032c7f11158012e3f0e0f42035e92496db12a79.jpg

အရင်ဆုံး ပန်းစိမ်းကို စားလို့ကောင်းမဲ့ အနေတော်လေးတွေ လှီးဖြတ်ပါမယ်။ ပြီးရင်တော့ သန့်စင်သွားအောင် ရေဆေးပါမယ်။ ကြက်သားကိုလည်း ကိုယ်လိုချင်တဲ့ ဆိုဒ်လေးတွေ တုံးပါမယ်။ ပြီးရင် ရေဆေးပါမယ်။ ကြက်သွန်ဖြူ တစ်ပြားရိုက်ပြီး နုတ်နုတ်စင်းထားပါမယ်။ ဒယ်အိုးကို ‌မီးဖွင့်လိုက်ပါမယ်။ ပူလာပြီဆိုရင် ဆီ အနည်းငယ် ထည့်ပါမယ်။ ပြီးရင်တော့ နုတ်နုတ်စင်းထားတဲ့ ကြက်သွန်ဖြူကို ထည့်ကြော်ပါမယ်။ ကြက်သွန်ဖြူလေးနွမ်းပြီး မွှေးလာပြီဆိုရင် ကြက်သားကို ထည့်ကြော်ပါမယ်။ ‌အထက်အောက် မွှေပေးပါမယ်။ ပြီးရင်တော့ အသားမှုန့် နဲ့ ဆား ကို လိုအပ်သလို အချိုးညီညီ ထည့်လိုက်ပါမယ်။

https://s9.kh1.co/__image/w=650,h=342,q=100/ca/cafdd585224e4cdc3600a32a183c454ad92d174a.jpg

ကြက်သားကျက်ခါနီးပြီဆိုရင် ရေဆေးထားတဲ့ ပန်းစိမ်းတွေကို ဒယ်အိုးထဲ ထည့်လိုက်ပါမယ်။ ပြီးရင် ဒယ်အိုးအဖုံးလေး ၅ မိနစ်လောက် အုပ်ထားပါမယ်။ အဖုံးပြန်ဖွင့်တဲ့အခါ ပန်းစိမ်းလေးတွေလည်း နွမ်းလာပါပြီ။ ဒါဆိုရင် ပန်းစိမ်း နဲ့ ကြက်သား အရသာနှံ့အောင် သေချာပြန်မွှေ ပေးပါမယ်။ ၅ မိနစ်လောက် ဆက်တိုက်မွှေပြီးရင်တော့ အာဟာရဓာတ်ပြည့်ဝစွာ ပါတဲ့ ကြက်သားပန်းစိမ်းကြော်အိအိလေး ရရှိသွားပြီပဲ ဖြစ်ပါတယ်။

https://s9.kh1.co/__image/w=650,h=342,q=100/ab/ab18e1bcaa2535b7bd405290512f96ad1748cff6.jpg

လုပ်ရလွယ်ကူပြီး အာဟာရဓာတ်အပြည့်အဝပါတဲ့ ကြက်သားပန်းစိမ်းကြော်လေးကတော့ လူကြီးလူငယ်မရွေး ကြိုက်နှစ်သက်တာမို့ တစ်ခါလောက်တော့ လုပ်စားကြည့်နော်။

yoonpchi
yoonpchi

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T