မြန်မာတိုင်းရင်းသား ချင်းလူမျိုးတို့ရဲ့ ခေါ်နူးစုမ်တောင်ဇလပ်ပန်းပွဲတော်

//s9.kh1.co/b6/b67ec866395a7ede87d371ba45b90b36ec4059d1.jpg
MPT Lifestyle

 ၃၀-ပြီ-၂၀၂၄ ၃pm · လွန်ခဲ့သော ၂၁ ရက် က

မြန်မာတိုင်းရင်းသား ချင်းလူမျိုးတို့ရဲ့ ခေါ်နူးစုမ်တောင်ဇလပ်ပန်းပွဲတော်

ခေါ်နူးစုမ်တောင်ဇလပ်ပန်းပွဲတော်သည် ချင်းပြည်နယ်၊ ကန်ပက်လက်မြို့၌  ခေါ်နူးစုမ်တောင်နှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းစောင့်ရှောက်ရေး အတွက်လည်းကောင်း နှစ်စဉ်ကျင်းပသည့်ပွဲတော် ဖြစ်ပါတယ် ခရီးသွားဧည့်သည်များအနေဖြင့် ချင်းပြည်နယ် လောက်နူးမြေရိုးရာယဉ်ကျေးမှုနှင့် ခေါ်နူးစုမ် တောင်ဇလပ်ပွဲတော်တွင် လောက်နူးမြေအတွင်းနေထိုင်ကြသည့် ချင်းလူမျိုးစုများ ဖြစ်ကြသော မွင်း၊ ရာ့၊ ဒါးရင်ဒူး၊ ဒိုင်နှင့် ဉ(ပ်)ပူး လူမျိုးများ၏ ရိုးရာအဝတ်အစားများ၊ အသုံးအဆောင်ပစ္စည်းများနှင့် အကအလှများကို ပွဲတော်ကျင်းပသည့် နေရာတွင် မြင်တွေ့ ခံစားနိုင်မည် ဖြစ်ပြီး တမူထူးခြားသော ဒေသထွက် ထောပတ်သီးဟင်းလျာများအပြင် ချင်းရိုးရာ အစားအစာမျိုးစုံကိုလည်း မြည်းစမ်းခွင့် ရရှိမှာ ဖြစ်ပါတယ်

https://s9.kh1.co/__image/w=650,h=342,q=100/c1/c18800e9e662c8f1c246d8aea6471afc7259892d.jpg

သဘာဝကို ချစ်မြတ်နိုးသော၊ တောင်တက်ရတာ ဝါသနာပါသော ခရီးသွားဧည့်သည်များ အနေဖြင့်လည်း ခေါနူးစုမ်တောင်နှင့် တောင်ဇလပ်ပန်းထိန်းသိမ်းစောင့်ရှောက်ခြင်းဆိုင်ရာ ပြခန်း၊ ကဗျာ၊ ဆောင်းပါးနှင့် စာစီစာကုံးများလေ့လာနိုင်မည့်အပြင် မြန်မာနိုင်ငံ၏ အမြင့်ဆုံးမြေသားတောင်ဖြစ်သည့် တောင်တန်းများ၏ မိခင်အဖြစ် တင်စားကြသော ခေါနူးစုမ်တောင်ထိပ်သို့ တောင်ဇလပ်ပန်းရောင်စုံတို့ကို ကြည့်ရင်း ခြေလျင်လမ်းလျှောက်ပြိုင်ပွဲတွင်လည်း ဝင်‌ရောက်ပါဝင် ဆင်နွှဲနိုင်မည်ဖြစ်ပါတယ်

https://s9.kh1.co/__image/w=650,h=342,q=100/83/8346cab5337aa1141860b42638c8a14a1a833736.jpg

 ချင်းတို့၏ ရိုးရာပွဲတော်များထဲမှ လူသိများသော ရိုးရာလုံယူးကျောက်ပျဉ်ချီပွဲတော်ကို လည်း ဝင်ရောက်ဆင်နွှဲနိုင်မည်ဖြစ်သောကြောင့် ချင်းပြည်နယ်သို့ လာရောက်လည်ပတ်မည့် ခရီးသွားဧည့်သည်များအနေဖြင့် လောက်နူးမြေ ရိုးရာယဉ်ကျေးမှု နှင့် ခေါ်နူးစုမ်တောင်ဇလပ်ပန်းပွဲတော် ကို ပါဝင် ဆင်နွှဲ ကြပါရန် ဖိတ်ခေါ်အပ်ပါတယ်

Cho Thae Mar
Jolly

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T