Niagara ရေတံခွန်ထက် ၁၅ ဆ ပိုမြင့်တဲ့ ကမ္ဘာ့အမြင့်ဆုံး အိန်ဂျယ်ရေတံခွန်

//s9.kh1.co/02/02d7640baac66ce624b7b693084146de1113cc7c.jpg
MPT

 ၁၉-ပြီ-၂၀၂၄ ၁၂pm · လွန်ခဲ့သော ၁၃ ရက် က

Niagara ရေတံခွန်ထက် ၁၅ ဆ ပိုမြင့်တဲ့ ကမ္ဘာ့အမြင့်ဆုံး အိန်ဂျယ်ရေတံခွန်

Venezuela နိုင်ငံ ၊ Bolivar ပြည်နယ်ရှိ Canaima အမျိုးသားဥယျာဉ်မှာ တည်ရှိတဲ့ Angle ရေတံခွန်ဟာ ကမ္ဘာပေါ်က အမြင့်‌ဆုံးရေတံခွန်ပဲ ဖြစ်ပါတယ်။ အမြင့်ပေ ၉၇၉ မီတာ ( ၃၂၁၂ ပေ ) မြင့်တဲ့ နတ်သမီးရေတံခွန်ဟာ နာမည်နဲ့လိုက်အောင် လှပတဲ့ ရင်သပ်ရှုမောဖွယ် ရှုခင်းတွေ ၊ တသွင်သွင်စီးနေတဲ့ ‌ရေ နဲ့ ထည်ဝါလွန်းတဲ့ ကျောက်ဆောင်ကြီးတွေကြောင့် နာမည်ကြီး ထင်ရှားပါတယ်။ ဒီရေတံခွန်ကို ၂၀ ရာစုအလယ်ပိုင်းမှာ ရေတံခွန်ပေါ်မှာ ပထမဆုံး ပျံသန်းခဲ့တဲ့ အမေရိကန်လေတပ် က လေယာဉ်မှူး ဂျင်မီ အိန်ဂျယ် က စတင်တွေ့ရှိခဲ့ပါတယ်။ ဒါကြောင့် သူ့နာမည်ကို အစွဲပြုပြီး အိန်ဂျယ်ရေတံခွန်လို့ ခေါ်ခဲ့တာပဲ ဖြစ်ပါတယ်။

https://s9.kh1.co/__image/w=650,h=342,q=100/dc/dcab27e9f2441938208c836795292d84ca9c3a52.jpg

ဒါ့အပြင် လူသိများ နာမည်ကြီးတဲ့ Niagara ရေတံခွန်ထက် အိန်ဂျယ်ရေတံခွန်ဟာ ၁၅ ဆလောက် ပိုမြင့်တယ်လို့ ဆိုပါတယ်။ Venezuela နိုင်ငံရဲ့ အမွေအနှစ်တစ်ခုဖြစ်ပြီး အေးချမ်းလှတဲ့ တောနက်ရဲ့ တိတ်ဆိတ်ငြိမ်သက်မှုကို ရရှိတာကြောင့် အေးဆေး‌နေချင်တဲ့ ခရီးသွားတွေအတွက် သွားကို သွားသင့်တဲ့ ရေတံခွန်တစ်ခုပါပဲ။ အိန်ဂျယ်ရေတံခွန်ကို ရောက်ဖို့ ‌သင်္ဘောနဲ့ လာရပြီး ရင်ခုန်စိတ်လှုပ်ရှားဖွယ် တောင်တက်ခရီးစဉ်လည်း ရှိတာကြောင့် ကမ္ဘာ့လှည့် ခရီးသွားတွေရဲ့ ရတနာတစ်ခုဆိုလည်း မမှားပါဘူး။ ဇွန်လမှ ဒီဇင်ဘာလ ထိဟာ ခရီးသွားရာသီဖြစ်ပြီး ဒီဇင်ဘာလ မှ မတ်လအတွင်းရဲ့ ရေစီးဆင်းမှုကတော့ အခြားလတွေထက် နည်းတတ်ပါတယ်။

https://s9.kh1.co/__image/w=650,h=342,q=100/3a/3a16d50ca47613198cd13b100b3a6e149e9228b4.jpg

Angle ရေတံခွန်ဟာ Venezuela နိုင်ငံရဲ့ ပုံရိပ်ကို များစွာ ထိန်းသိမ်းပေးနိုင်ခဲ့တဲ့အပြင် နိုင်ငံခြားဝင်ငွေများစွာ ရရှိတဲ့ နေရာလေးပဲ ဖြစ်ပါတယ်။ ဒါ့အပြင် အိန်ဂျယ်ရေတံခွန်ဟာ ၁၉၉၄ ခုနှစ်မှာ UNESCO ရဲ့ ကမ္ဘာ့အမွေအနှစ် စာရင်းဝင်ခဲ့ပါတယ်။ ရင်ခုန် စိတ်လှုပ်ရှားစရာတွေ ပြည့်နှက်နေတဲ့ ဒီ Angle ရေတံခွန်ဟာ ကမ္ဘာပေါ်က အသေအပျောက်အများဆုံးရေတံခွန်ထဲက တစ်ခု ဖြစ်နေတာ စိတ်မကောင်းစရာပါပဲ။ ကြီးမားတဲ့ ကျောက်ဆောင်တွေ ၊ ရေညှိတွေကြောင့် ရေတံခွန်ထိပ်က ပြုတ်ကျခဲ့ရင် အသက်မရှင်နိုင်တာကြောင့် သွားဖြစ်တဲ့အခါ သေချာလေး ဂရုစိုက်သွားဖို့တော့ လိုအပ်ပါတယ်။

yoonpchi
yoonpchi

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T