အာဖရိကဆဗားနားဆင် လို့ လူသိများတဲ့ African bush elephant ကတော့ ဆင်မျိုးစိတ်တွေထဲက အကြီးဆုံး ဆင်မျိုးစိတ်တစ်ခုပဲ ဖြစ်ပါတယ်။ အရွယ်ရောက်ပြီးတဲ့ အာဖရိကဆဗားနားဆင်အထီးတစ်ကောင်ရဲ့ ပျမ်းမျှအရှည်ဟာ ပုခုံးအထိ ၁၀ ပေ ဝန်းကျင်ရှိပြီး အလေးချိန် ၆ တန် ( ၃၂၀၀၀ ပေါင် )ကျော် အထိ ရှိနိုင်ပါတယ်။ အာဖရိကနိုင်ငံပေါင်း ၃၇ နိုင်ငံမှာ ကျယ်ပြန့်စွာ တွေ့ရပြီး သစ်တောများ ၊ မြက်ခင်းပြင်များ ၊ သစ်တောတွေနဲ့ စိုစွတ်တဲ့ စိုက်ပျိုးမြေတွေမှာ ရှင်သန် နေထိုင်ကြပါတယ်။ ဒီဆင်တွေဟာ မီးခိုးရောင်အရေပြား ၊ ပုခုံးတစ်ခုလုံးကို ဖုံးအုပ်ထားတဲ့ ကြီးမားတဲ့ နားရွက်ကြီးများ နဲ့ ခန္ဓာကိုယ်အရှေ့ကို ကွေးညွှတ်နေတဲ့ ဆင်စွယ်ကြီးတို့ နဲ့ ဖွဲ့စည်းထားပါတယ်။

African bush elephant တွေရဲ့ တြိဂံပုံ ကြီးမားတဲ့ နားရွက်တွေဟာ ပူပြင်းတဲ့ ခန္ဓာကိုယ်အပူချိန်တွေကို လျော့ချဖို့ ကူညီပေးပါတယ်။ အဓိအားဖြင့် မြက်၊ တွားသွားသတ္တဝါ နဲ့ ဟင်းသီးဟင်းရွက်တွေကို စားသုံးကြပြီး ခြောက်သွေ့တဲ့ ရာသီဥတုမှာတော့ ကယ်လ်စီယမ်ဓာတ် မြင့်မားစွာ ပါဝင်တဲ့ အရွက် နဲ့ အခေါက်တွေကို စားသုံးကြပါတယ်။ အရွယ်ရောက်ပြီးတဲ့ အာဖရိကဆဗားနားဆင်တစ်ကောင်ဟာ တစ်နေ့ကို ၁၅၀ ကီလိုဂရမ် ( ၃၃၀ ပေါင် ) စားသုံးကြပါတယ်။ တစ်နေ့ကို ရေ ၁၈၀ လီတာ မှ ၂၃၀ လီတာအထိ သောက်ကြတဲ့ အာဖရိကဆဗားနားဆင်တွေဟာ မိုးရာသီမှာ မိတ်လိုက်လေ့ ရှိပါတယ်။

တောရိုင်းထဲမှာ အုပ်စုဖွဲ့ နေထိုင်လေ့ရှိတဲ့ ဒီဆင်တွေဟာ ခြင်္သေ့ နဲ့ hyenas တွေရဲ့ ပစ်မှတ်သားကောင် ဖြစ်လာပါတယ်။ ဒါ့အပြင် မီးခိုးရောင် ဆင်စွယ်ကြီးတွေကြောင့် African bush elephant တွေဟာ လူတွေရဲ့ တရားမဝင် ဖမ်းဆီးသတ်ဖြတ်မှုတွေကိုလည်း ခံရပါတယ်။ ပျမ်းမျှသက်တမ်း နှစ် ၇၀ မှ ၇၅ နှစ်ထိ ရှင်သန်ကြပေမယ့် သစ်တောပြုန်းတီးမှု ၊ကျက်စားရာဒေသဆုံးရှုံးမှု ၊ တောရိုင်းတိရစ္ဆာန်တွေရဲ့ သတ်ဖြတ်မှု ၊ လူတွေရဲ့ စည်းကမ်းမဲ့ အမဲလိုက်မှုတွေကြောင့် မျိုးသုန်းတော့မယ့် အန္တာရာယ် နဲ့ ရင်ဆိုင်နေရပါတယ်။ ၂၀၂၁ ခုနှစ်မှာတော့ အာဖရိကဆဗားနားဆင်တွေကို ICUN ရဲ့ Red List အဖြစ် သတ်မှတ်ထားပြီး စည်းကမ်းမဲ့ဖမ်းဆီးခြင်းကို ပြင်းပြင်းထန်ထန် တားမြစ်ထားပါတယ်။





