မြန်မာငွေ သိန်းလေးဆယ်ကျော် ရှိတဲ့ ရေခဲပြာရောင်မျက်လုံးနဲ့ကြောင်မျိုးစိတ်

//s9.kh1.co/18/18421525f19f3f49abf5d240e0c8b677635a6fd7.jpg
MPT

 ၁၀-ပြီ-၂၀၂၄ ၁၁am · လွန်ခဲ့သော ၂ နှစ် က

မြန်မာငွေ သိန်းလေးဆယ်ကျော် ရှိတဲ့ ရေခဲပြာရောင်မျက်လုံးနဲ့ကြောင်မျိုးစိတ်

အကြီးဆုံး အိမ်မွေးကြောင်မျိုးစိတ်တွေထဲက တစ်ခုဖြစ်တဲ့ Ragdoll ကြောင်တွေကို အမေရိကန်မှာ 1960 ခုနှစ်ပိုင်းမှာ စတင်မွေး‌မြူခဲ့ကြပါတယ်။ ထူးခြားတဲ့ မီးခိုးရောင် နူးညံ့နေတဲ့ အမွှေးရှည် နဲ့ ပြာလဲ့လဲ့ရောင် မျက်လုံးတို့ကြောင့် Ragdoll ကြောင်တွေဟာ    ကမ္ဘာ့ဈေး‌အကြီးဆုံး ကြောင်မျိုးစိတ်ဝင်ထဲက တစ်မျိုးပဲ ဖြစ်ပါတယ်။ စနစ်တကျ မွေးမြူရတဲ့ အကောင်းကြိုက် အိမ်မွေးကြောင်မျိုးဖြစ်ပြီး လူ‌သားတွေနဲ့ လိုက်လျောညီထွေဖြစ်အောင် နေတတ်ကြပါတယ်။

https://s9.kh1.co/__image/w=650,h=342,q=100/e7/e715cf8b20cebdbe8111542ed1aa8ec02d5d27c3.jpg

ရင်ဘတ်ပိုင်းကို အဖြူရောင်အမွှေးနဲ့ ဖုံးအုပ်ထားပြီး တစ်ခါတစ်လေ Ragdoll ကြောင်တွေရဲ့ ဦးခေါင်းအပေါ်ပိုင်းက အညိုရောင် နဲ့ အနက်ရောင်ရောစပ်ထားလေ့ရှိပါတယ်။ ဒီကြောင်တွေဟာ အများအားဖြင့် အရောင် ၂ ရောင်စပ် ၊ ၃ရောင်စပ်တွေ ဖြစ်ပြီး အဖြူသီးသန့်ဖြစ်တည်တဲ့ Ragdoll ကြောင်မျိုးတော့ ရှားပါတယ်။ နူးညံ့တဲ့ စိတ်သဘောထားရှိပြီး ရန်မလိုတတ်တဲ့ Ragdoll ကြောင်တွေကို အမေရိကန်ရဲ့ အထက်တန်းလွှာတွေမှာ အိမ်မွေးတိရစ္ဆာန်လေးအဖြစ် ကျယ်ပြန့်စွာ မွေးမြူနေတာကို တွေ့ရနိုင်ပါတယ်။ ဒါ့အပြင်ထူးခြားတဲ့ ရေခဲပြာရောင် မျက်လုံးတွေနဲ့ ဒီကြောင်တွေကို အကောင် အရွယ်အစားအလိုက် တစ်ကောင်ကို ဒေါ်လာ ၅၀၀ မှ ဒေါ်လာ ၂၀၀၀ ကျော် ( မြန်မာငွေ သိန်း ၄၀ ကျော် )ထိ ပေးရပါတယ်။

https://s9.kh1.co/__image/w=650,h=342,q=100/17/177464bff853fbae6f0a2524473068e7c8451786.jpg

၁၂ နှစ်ကနေ ၁၅ နှစ်ဝန်းကျင်အထိ ရှင်သန်နိုင်ပြီး ငါးအမျိုးမျိုး နဲ့ အာဟာရဓာတ်ပြည့်ဝတဲ့ အသားတွေကို စားကြပါတယ်။ ဒါ့အပြင် Ragdoll ကြောင်တွေဟာ ရေသောက်လေ့ မရှိတာကြောင့် ရေဓာတ်ပြည့်ဝတဲ့ စိုစွတ်တဲ့အစာတွေအပြင် ရေဓာတ်ဖြည့် ဖြည့်စွက်အစာခြောက်တွေကိုလည်း ‌ကျွေးဖို့ လိုအပ်ပါတယ်။ ဒီကြောင်လေးတွေဟာ ခင်တွယ်လွယ်ပြီး ‌အေးအေးဆေးဆေးနေတတ်တဲ့ ကြောင်မျိုးစိတ်လေးဖြစ်တဲ့အပြင် လူသားတွေနဲ့ ‌ရင်းရင်းနှီးနှီးနေထိုင်ရတာကို သဘောကျ ကြပါတယ်။ ရေခဲပြာရောင်မျက်လုံးနဲ့ Ragdoll ‌ကြောင်လေးတွေဟာ ရှားပါးတဲ့ ကြောင်မျိုးစိတ်တစ်မျိုးဖြစ်ပြီး လက်ရှိမှာ စနစ်တကျ မွေးမြူလျက် ရှိပါတယ်။

yoonpchi
yoonpchi

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T