ရေပေါ်ရေအောက် တစ်ပြိုင်တည်းမြင်ရတဲ့ မျက်လုံးလေးလုံးငါး

//s9.kh1.co/fe/fe6f769b99d680806e90357bd0a0c2957e1ec8fb.jpg
MPT

 ၁၈-ပြီ-၂၀၂၄ ၂pm · လွန်ခဲ့သော ၃ လ က

ရေပေါ်ရေအောက် တစ်ပြိုင်တည်းမြင်ရတဲ့ မျက်လုံးလေးလုံးငါး

Anableps မျိုးရင်းဖြစ်တဲ့ မျက်လုံး၄လုံးငါး ( Anableps ) များဟာ လတ်ဆတ်တဲ့  ရေချိုရေငန်စပ်ဒေသ ၊ နုံးမြေများ နဲ့ ‌ဒီရေတောများ ဖြစ်တဲ့ ရေချိုဒေသတွေမှာ နေထိုင်လေ့ရှိပါတယ်။ ဒီငါးတွေကို မက္ကဆီကိုတောင်ပိုင်းရှိ ဟွန်ဒူးရပ်စ်နိုင်ငံ နဲ့ တောင်အ‌မေရိကတိုက်မြောက်ပိုင်း တို့မှာ တွေ့ရပါတယ်။ ရေချိုနေ ငါးမျိုးစိတ်တစ်မျိုးဖြစ်ပြီး ကမ်းရိုးတန်းပင်လယ်ပြင်ဒေသမှာတော့ ရှားပါးတဲ့ ငါးမျိူစိတ်ပဲ ဖြစ်ပါတယ်။ အများဆုံး အရှည် ၃၀ စင်တီမီတာ ( ၁ ပေ ) ခန့်ရှိပြီး Cyprinodontiformes မျိုးစိတ်ထဲမှာတော့ အကြီးဆုံး ငါးမျိုးစိတ်တစ်မျိုးပဲ ဖြစ်ပါတယ်။

https://s9.kh1.co/__image/w=650,h=342,q=100/50/50a3fce74cf84338b34199d5688549666ecfb170.jpg

ခန္ဓာကိုယ်အပြင်ကို ပြူးထွက်နေတဲ့ ကြီးမားတဲ့ မျက်လုံးနှစ်လုံးဟာ ရေမျက်နှာပြင်အပေါ် ရော ရေမျက်နှာပြင်အောက်ရောကို မြင်ရပါတယ်။ ကြီးမားတဲ့ မျက်လုံး ရဲ့ အပေါ်ပိုင်းမှာ လူမျက်လုံးလို အပြားလိုက်ဖြစ်ပြီး အောက်ခြေတစ်ဝက်မှာ ငါးမျက်လုံးလို ပုံမှန်ပြန်ဖြစ်သွားပါတယ်။ ဒါ့ကြောင့် ဒီငါးတွေဟာ သားကောင်ဖမ်းဖို့ ရေမျက်နှာပြင်က ချောင်းနေတဲ့အခါ ရေမျက်နှာပြင်အပေါ်ပိုင်းကို မြင်ရသလို ရေအောက်က အရာဝတ္ထုတွေကိုလည်း တစ်ပြိုင်တည်း မြင်ရတာကို တွေ့ရပါတယ်။ Anableps ငါးတို့ရဲ့ မျက်လုံးတစ်လုံးစီဟာ ပါးလွှာတဲ့ သစ်သျှူးတွေနဲ့ ဖွဲ့စည်းထားပြီး ရေမျက်နှာပြင်ထက်က အရာဝတ္ထုတွေကို မြင်နိုင်ဖို့ သီးသန့် မျက်ကြည်လွှာ တစ်ခုလည်း ပါဝင်ကြပါတယ်။

https://s9.kh1.co/__image/w=650,h=342,q=100/22/2263d54cccef4029ec97ac03b5c0d8537d5d2642.jpg

ရေပေါ် ၊ ရေအောက် နှစ်ဖက်စလုံးကို တစ်ပြိုင်တည်း မြင်နိုင်တဲ့ four-eyed fish တွေကတော့ ရေမျက်နှာပြင်ပေါ်က ကုန်းအင်းဆက်တွေသာမက ရေထဲက ငါးငယ် ၊ ကျောရိုးမဲ့သတ္တဝါငယ်လေးတွေကိုလည်း စားသုံးကြပါသေးတယ်။ အများအားဖြင့် နှစ်နှစ် ၊ သုံးနှစ် နဲ့ လေးနှစ်ကြား ရှင်သန်ကြပြီး ရေပေါ်ရေအောက် တစ်ပြိုင်တည်းမြင်ရတဲ့ မျက်လုံးတွေကို ပိုင်ဆိုင်ထားတာကြောင့် ‌မျက်လုံးလေးလုံးငါးလို့ ခေါ်တာပဲ ဖြစ်ပါတယ်။ ‌ရေမျက်နှာပြင်အနီးမှာ အများဆုံး နေထိုင်ကြပြီး အများအားဖြင့် စုံတွဲ သို့မဟုတ် အုပ်စုလိုက် နေထိုင်လေ့ရှိပါတယ်။

yoonpchi
yoonpchi

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T