ကမ္ဘာပေါ်က အကြီးဆုံး ငါးမန်းမျိုးစိတ် ၄ မျိုး

//s9.kh1.co/05/0560c04debb2fff4f2532d27f25a5190dc4d7f65.jpg
MPT

 ၀၄-ပြီ-၂၀၂၄ ၁၂pm · လွန်ခဲ့သော တစ်နှစ် က

ကမ္ဘာပေါ်က အကြီးဆုံး ငါးမန်းမျိုးစိတ် ၄ မျိုး

၁။ ဝေလငါးမန်း

အရှည် ၁၈.၈ မီတာ ( ၆၁ ပေ ) ရှိတဲ့ ဝေလငါးမန်းတွေကို အပူပိုင်းသမုဒ္ဒရာများအားလုံးရဲ့ ရေနက်ပိုင်း မီတာ ၅၀၀ ( ၁၆၀၀ ပေ ) ဝန်းကျင်မှာ တွေ့ရပါတယ်။ ဒီဝေလငါးမန်းတွေဟာ နှစ် ၁၀၀ ကျော်ထိ ရှင်သန်နိုင်ကြတဲ့ ကမ္ဘာပေါ်က အကြီးဆုံး ငါးမန်းမျိုးစိတ်ပဲ ဖြစ်ပါတယ်။

https://s9.kh1.co/__image/w=650,h=342,q=100/22/2263b36ad6ac4ad2fd6571ce55b9bc5488988f8c.jpg

၂။ Basking shark

ကမ်းရိုးတန်းများ နဲ့ ပူနွေးသော ရေပြင်များတစ်လျှောက်မှာ တွေ့ရတဲ့ Basking shark တွေကတော့ ကမ္ဘာပေါ်က ဒုတိယအကြီးဆုံး ငါးမန်းမျိုးစိတ်ပဲ ဖြစ်ပါတယ်။ အရှည် ၇.၉ မီတာ ( ၂၆ ပေ ) ရှိပြီး အများအားဖြင့် ခန္ဓာကိုယ်မှာ အညို‌ရင့်ရောင် ရှိပါတယ်။ ထူးခြားတဲ့ ပါးစပ်ဖွဲ့စည်းမှုကလည်း မြင်တာနဲ့ကို ကြောက်ဖို့ကောင်းပါတယ်။

https://s9.kh1.co/__image/w=650,h=342,q=100/fd/fdfb02bf7f7e4719d628d98f4e2c2e514914ef6b.jpg

၃။ ငါးမန်းဖြူကြီး

Great white shark အထီးတွေဟာ ပျမ်းမျှအရှည် ၃.၄ မှ ၄ မီတာ ရှိပြီး ငါးမန်းဖြူအမတွေက အထီး‌ထက် အကောင်အရွယ် အစားပိုကြီးကြပါတယ်။ ငါးမန်းမျိုးစိတ်များအားလုံးထဲမှာ လူသားတွေအတွက် အန္တာရာယ်အရှိဆုံး ငါးမန်းမျိုးစိတ်ဖြစ်ပြီး ၂၀၁၂ ခုနှစ်ထိ စစ်တမ်းအရ လူသား‌တို့ ငါးမန်းဖြူအကိုက်ခံရမှု ၂၇၂ မှု ရှိပါတယ်။ ဒါကြောင့် ငါးမန်းဖြူကြီးတွေဟာ ကမ္ဘာပေါ်က အန္တာရာယ်အရှိဆုံး နဲ့ အကြီးဆုံး ငါးမန်းမျိုးစိတ်တစ်မျိုးပဲ ဖြစ်ပါတယ်။

https://s9.kh1.co/__image/w=650,h=342,q=100/0a/0a7e0d1fb5a0cb1727427080f3b5cf30a98e8bbd.jpg

၄။ ကျားငါးမန်း

Tiger shark တွေကို ပစိဖိတ်သမုဒ္ဒရာ ၊ အတ္တလန္တိတ် နဲ့ အိန္ဒိယသမုဒ္ဒရာတို့ရဲ့ အပူပိုင်းရေပြင် တွေမှာ ကျယ်ပြန့်စွာ တွေ့ရပါတယ်။ အရွယ်မရောက်ပြီးတဲ့ ကျားငါးမန်းအမတွေဟာ ၁၂ ပေ မှ ၁၄ ပေ အထိရှည်ပြီး အထီးတွေက အမတွေထက် အရွယ်အစားပိုကြီးပါတယ်။ အားကောင်းတဲ့ မေးရိုးကြီးများ ၊ ချွန်ထက်တဲ့ သွားတန်းများနဲ့ ကျားငါးမန်းများကလည်း ကမ္ဘာပေါ်က အကြီးဆုံး ငါးမန်းမျိုးစိတ်ထဲက တစ်မျိုးအပါအဝင်ပဲ ဖြစ်ပါတယ်။

https://s9.kh1.co/__image/w=650,h=342,q=100/47/47646bf428d15d0f777267ccf3b19fc11b149eab.jpg
yoonpchi
yoonpchi

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T