နှစ်ပေါင်း ၈သောင်းအထိ ရှင်သန်နိုင်တဲ့ ပင်ဒိုပင်အမြစ်

//s9.kh1.co/a6/a609b1cfe2d6ebd49217ea2d42d001aa58bc4915.jpg
MPT

 ၀၃-ပြီ-၂၀၂၄ ၁pm · လွန်ခဲ့သော ၄ လ က

နှစ်ပေါင်း ၈သောင်းအထိ ရှင်သန်နိုင်တဲ့ ပင်ဒိုပင်အမြစ်

လက်တင်ဘာသာနဲ့ Pando လို့ခေါ်တဲ့ ကမ္ဘာ့အကြီးဆုံးမျိုးစိတ်ဝင်သစ်ပင်များကို အမေရိကန်ပြည်ထောင်စု ၊ Utah နဲ့ ပန်ဒိုမြို့ရဲ့ အနောက်အလယ်ပိုင်းရှိ ကော်လိုရာဒိုကုန်းပြင်မြင့် နဲ့ မြစ်ဝှမ်းအကြား Fishlake အမျိုးသားသစ်တောရဲ့ Fremont River Ranger ခရိုင်မှာ တည်ရှိပါတယ်။ အစုလိုက် အပြုံလိုက် ပေါက်လေ့ရှိပြီး Pando သစ်ပင်တောတစ်တောကို ခန့်မှန်းချေ ၁၀၆ ဧက ကျယ်ဝန်းပါတယ်။

https://s9.kh1.co/__image/w=650,h=342,q=100/4e/4e53040771b9079a8d244db5697d8f295c86288b.jpg

ဒါ့အပြင် တစ်တောမှာ ပင်စည်ပေါင်း ၄၇၀၀၀ လောက်ထိရှိပြီး အလေးချိန် ခန့်မှန်းချေ ပေါင် ၁၃.၂ သန်း ရှိတယ်လို့ ဆိုပါတယ်။aspen tree ရဲ့ မျိုးကွဲဖြစ်ပြီး ပန်ဒိုတို့ရဲ့ အမြစ်ဟာ အစာအာဟာရဓာတ်ရရှိနေပါက နှစ်ပေါင်း ၈,၀၀၀၀၀အထိ ရှင်သန်နိုင်ကြပါတယ်။ ပျမ်းမျှ အပင်သက်တမ်းမှာ ၁၃၀ နှစ်ရှိပါတယ်။

https://s9.kh1.co/__image/w=650,h=342,q=100/4b/4bb1bd55294d682addb4a089591cd7a621f89a8c.jpg

ရှည်လျားတဲ့ အဖြူရောင်ပင်စည် ၊ အကိုင်းအခတ်များနဲ့ ထူးထူးခြားခြား အဝါရောင် အရွက်များကြောင့် ဓာတ်ပုံရိုက်သူများအတွက် သွားကိုသွားသင့်တဲ့ စိတ်ကူးယဉ်ကမ္ဘာလေး တစ်ခုပဲဖြစ်ပါတယ်။ ယခုမှာတော့ အင်းဆက်ပိုးမွှားတို့ ဒဏ် နဲ့ ‌ရာသီဥတု‌ဖောက်ပြားခြင်း ၊ တောမီး တို့ကြောင့် ပန်ဒိုအပင် အရေအတွက်များ သိသိသာသာ လျော့ကျလာတာကို တွေ့ရပါတယ်။

yoonpchi
yoonpchi

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T