သားပေါက်ပြီးမကြာမီမှာပဲ သေဆုံးရတဲ့ ဘဲဥပုံပြည်ကြီးငါးအမများ

//s9.kh1.co/a3/a32215aedffa67893830e29934a83baf2f35f958.jpg
MPT

 ၀၃-ပြီ-၂၀၂၄ ၁၀am · လွန်ခဲ့သော ၄ လ က

သားပေါက်ပြီးမကြာမီမှာပဲ သေဆုံးရတဲ့ ဘဲဥပုံပြည်ကြီးငါးအမများ

Bigfin reef squid လေးတွေဟာ ဘဲဥပုံပြည်ကြီးငါး သို့မဟုတ် ဘဲဥပုံရေဘဝဲ လို့ ခေါ်ကြတဲ့ Sepioteuthis မျိုးစိတ်တစ်ခုပဲ ဖြစ်ပါတယ်။ ကြီးမားသော ဘဲဥပုံခန္ဓာကိုယ်နဲ့ ဘေးဘက်မှာ ကျယ်ဝန်းတဲ့ ဘဲဥပုံ တောင်ပံနှစ်ဖက် ရှိပြီး ပျမ်းမျှ ၃.၈ မှ ၃၃ စင်တီမီတာ ( ၁.၅ လက်မ မှ ၁၃ လက်မ ) အထိ အရှည်ရှိပါတယ်။ ဘဲဥပုံပြည်ကြီးငါးများဟာ လေးလအတွင်း ၆၀၀ ဂရမ် ( ၁.၃ ပေါင် ) အထိ ကြီးထွားနိုင်ပြီး အဏ္ဏဝါကျောရိုးမဲ့သတ္တဝါများထဲ ကြီးထွားနှုန်း အလျင်မြန်ဆုံးပဲ ဖြစ်ပါတယ်။

https://s9.kh1.co/__image/w=650,h=342,q=100/5e/5e8bae8cf89f1e082f75bda97a3cf2993595beb4.jpg

သက်တမ်းတိုသော မျိုးစိတ်ဖြစ်ပြီး အမြင့်ဆုံးဘဝသက်တမ်းမှာ ၃၁၅ ရက်သာ ရှိတယ်လို့ ဆိုပါတယ်။ ပုစွန်ဆိတ်များ နဲ့ ငါးငယ်များကို အဓိကစားသုံးကြပြီး ပစိဖိတ်သမုဒ္ဒရာ နှင့်အိန္ဒိယသမုဒ္ဒရာများရဲ့ အပူပိုင်း ၊ သမပိုင်းရေပြင်များ ၊ ကမ်းရိုးတန်းအနီးကျောက်ဆောင်များ ၊ သန္တာကျောက်တန်းများအနီး တွင်တွေ့ရလေ့ရှိပါတယ်။ မျက်လုံးများက ကြီးမားပြီး ဖောက်ထွင်းမြင်နိုင်တဲ့ ဒုတိယမျက်ကြည်လွှာ နဲ့ နှစ်ထပ်‌‌ဖုံးအပ်ထားပါတယ်။

https://s9.kh1.co/__image/w=650,h=342,q=100/d0/d0b8a5cd42d714f15f9995d642a9559112c65373.jpg

Bigfin reef squid အမများသည် တစ်ခါသားပေါက်လျှင် ဥ ၂၀ မှ ၁၁၈၀ အထိ ထုတ်လွှတ်နိုင်ပြီး သားပေါက်ပြီး မကြာမီမှာ သေဆုံးကြပါတယ်။ ဘဲဥပုံပြည်ကြီးငါးတို့ရဲ့ မျိုးပွားနှုန်းများမှု ၊ ကြီးထွားနှုန်းမြန်မှု တို့ကြောင့် လူတိုရဲ့ ဇိမ်ခံအစားအစာတစ်မျိုးအဖြစ် ကျယ်ပြန့်စွာ စားသုံးကြတဲ့အပြင် စီးပွားဖြစ်ငါးဖမ်းလုပ်ငန်းအတွက်လည်း ရတနာတစ်ပါးပဲ ဖြစ်ပါတယ်။

yoonpchi
yoonpchi

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T