ကိုးမျက်လုံးငါးရှဉ့် လို့ဘာကြောင့်ခေါ်တာလဲ

//s9.kh1.co/ce/cefb93ed7113430cc65a6fec634e2c0457cdfaca.jpg
MPT

 ၀၂-ပြီ-၂၀၂၄ ၁၂pm · လွန်ခဲ့သော ၄ လ က

ကိုးမျက်လုံးငါးရှဉ့် လို့ဘာကြောင့်ခေါ်တာလဲ

Sea lamprey လို့ခေါ်တဲ့ ပင်လယ်ဆီမီးအိမ်ငါးဟာ မြောက်ကမ္ဘာခြမ်းမှာ တွေ့ရတဲ့ ကျောရိုးမဲ့ ငါးမျိုးစိတ်တစ်မျိုးပဲ ဖြစ်ပါတယ်။ ပင်လယ်ဆီမီးအိမ်အကောင်များသည် ဆူးတောင်များ မပါ‌ဘဲ တစ်ဆက်တည်း ဖြစ်သော ငါးရှဉ့်ကဲ့သို့ခန္ဓာကိုယ်ရှိကြပါတယ်။ ဦးခေါင်းထက်ကျယ်တဲ့ ပါးစပ်ပါရှိပြီး ပါးစပ်တွင် မေးရိုးမရှိ ၊ အဝိုင်းပုံစံ နဲ့ အဝိုင်းပတ်ပတ်လည်တွင် ချွန်ထက်သော သွားများ အစီအရီ ရှိပါတယ်။

https://s9.kh1.co/__image/w=650,h=342,q=100/ec/ec478c7e3f349e235e0028da6a4be37dafb99e54.jpg

ထူးခြားစွာမျက်လုံးနောက်တွင် gill ပေါက် ခုနှစ်ပေါက်ပါရှိပြီး အရောင်မှာ သံလွင်ရောင် သို့မဟုတ် အညိုရောင် ၊ အဝါနုရောင် တို့ဖြစ်ပါတယ်။ အရွယ်ရောက်ပြီး ပင်လယ်မီးအိမ်ငါးများသည် အရှည် ၁၂၀ စင်တီမီတာ ( ၄၇ လက်မ ) အထိရှိပြီး ခန္ဓာကိုယ်အလေးချိန်မှာ ၂.၃ ကီလိုဂရမ် ( ၅ ပေါင် ) အထိ ကြီးထွားကြပါတယ်။ ပင်လယ်မီးအိမ်ကောင်များကို ဥရောပနဲ့ မြောက်အမေရိက ကမ်းရိုးတန်းတစ်လျှောက် ၊ မြောက်ပိုင်းနဲ့အနောက် အတ္တလန္တိတ်သမုဒ္ဒရာ ၊အနောက်မြေထဲပင်လယ် တို့ရဲ့ အနက်ပေ ၄၀၀၀ မီတာထိ ရှိတဲ့နေရာများတွင် တွေ့ရလေ့ရှိပါတယ်။

https://s9.kh1.co/__image/w=650,h=342,q=100/23/23a48a3b0af7207fa664bb964dcd71a550b0d22e.jpg

လူများကလည်း အမျိုးမျိုးချက်ပြုတ် စားသောက်ကြပြီး ကိုးမျက်လုံးငါးရှဉ့် လို့လည်းခေါ်ပါတယ်။ လေရှူပေါက် ခုနှစ်ပေါက် နဲ့ မျက်လုံး နှစ်လုံး ၊ ငါးရှဉ့်ကဲ့သို့ ရှည်မျောမျော ခန္ဓာကိုယ်တို့ကြောင့် ကိုးမျက်လုံးငါးရှဉ့်လို့ ခေါ်တာပဲ ဖြစ်ပါတယ်။ Sea lamprey များသည် ပေါ်တူဂီတွင် အရှားပါးဆုံး မျိုးစိတ်တစ်မျိုးဖြစ်ပြီး ယခုမှာတော့ ကမ္ဘာပေါ်တွင် တန်ဖိုးအကြီးဆုံး ရှားပါးငါးမျိုးစိတ်ဝင်ပဲဖြစ်ပါတယ်။

yoonpchi
yoonpchi

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T