ဥတစ်သိန်းနီးပါး အထိ မျိုးပွားနိုင်တဲ့ နှင်းကဏန်း

//s9.kh1.co/86/86efb5699ac4c946af2ef319de4ed164ad89cd15.jpg
MPT

 ၀၂-ပြီ-၂၀၂၄ ၁၂pm · လွန်ခဲ့သော ၄ လ က

ဥတစ်သိန်းနီးပါး အထိ မျိုးပွားနိုင်တဲ့ နှင်းကဏန်း

နှင်းကဏန်းလို့ ခေါ်တဲ့ chionoecetes မျိုးစိတ်သည် ပစိဖိတ်မြောက်ပိုင်း နဲ့ အတ္တလန္တိတ်သမုဒ္ဒရာတို့မှာ နေထိုင်တဲ့ ကဏန်းမျိုးစိတ် တစ်ခုပဲဖြစ်ပါတယ်။ အေးသော မြောက်ဘက်ပင်လယ်ပြင်တို့မှာ အတွေ့များတာကြောင့် နှင်းကဏန်းလို့ ခေါ်ကြတာပဲ ဖြစ်ပါတယ်။ ၂၀၁၉ ခုနှစ်မှာ နော်ဝေးတရားရုံးချုပ်မှ နှင်းကဏန်းမျိုးစိတ်များအားလုံးကို ပင်လယ်ကြမ်းပြင်တွင် နေထိုင်တဲ့ ရေနေသတ္တဝါအဖြစ် သတ်မှတ်ကာ ကုလသမဂ္ဂ ပင်လယ်ဥပဒေ နဲ့ ထိန်းသိမ်းထားပါတယ်။

https://s9.kh1.co/__image/w=650,h=342,q=100/8a/8ac09eddbcc5b9e8f3e2cf03de50327c06a60fc3.jpg

နှင်းကဏန်းများသည် ပစိဖိတ် နဲ့ အတ္တလန္တိတ်သမုဒ္ဒရာများရဲ့ အဏ္ဏဝါဂေဟစနစ်အတွက် အရေးကြီးသော ‌ကုန်းနေရေနေသတ္တဝါတစ်မျိုးပဲ ဖြစ်ပါတယ်။ ရေနေကျောရိုးမဲ့သတ္တဝါငယ်လေးများ ၊ ပုစွန် နဲ့ ကုန်းမြေပေါ်ရှိ အခြားကျောရိုးမဲ့သတ္တဝါလေးများကို စားသုံးကြပါတယ်။ ပျမ်းမျှ ၁၂ နှစ်ထိ ရှင်သန်နိုင်ပြီး အနီရောင် ၊ သဲကဲ့သို့အညိုရောင် ၊ လိမ္မော်နီရောင် နဲ့ ရှည်လျားသော‌ ခြေလက်များ ပါရှိပါတယ်။

https://s9.kh1.co/__image/w=650,h=342,q=100/4d/4dbcb912607cf99e8ad196b5b79cc7bdafc7b254.jpg

ကဏန်းများကို ကမ္ဘာတစ်ဝှမ်းမှာ တန်ဖိုးမြင့်ဟင်းလျာများအဖြစ် ပုံစံအမျိုးမျိုး ပြင်ဆင်စားကြပါတယ်။ နှင်းကဏန်းများဟာ ရှည်လျားတဲ့ ခြေလက်များ နဲ့ အေး‌တဲ့ပင်လယ်ပြင်ဒေသများမှာသာ အတွေ့များတာကြောင့် ‌တန်ဖိုးကြီးပြီး ငါးဖမ်းလုပ်ငန်းများ အလွန်သဘောကျတဲ့ ဂဏန်း တစ်မျိုးပဲ ဖြစ်ပါတယ်။ နှင်းကဏန်းအမများသည် ရာသီဥတု နဲ့ ၎င်းတို့ရဲ့ အရွယ်အစားအပေါ် မူတည်ပြီး တစ်ခါလျှင် ဥ တစ်သိန်းနီးပါးအထိ မျိုးပွားနိုင်ကြပါတယ်။ ယခုအခါမှာတော့ ထိန်းသိမ်းစောင့်ရှောက်‌မှုတွေလည်း ရှိတာကြောင့် မျိုးသုန်းပျောက်ကွယ်မယ့် အန္တာရာယ်တော့ မရှိသေးပါဘူး။

yoonpchi
yoonpchi

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T