မင်းသားဆောင်းဂျွန်ကီဟာ လက်ရှိထုတ်လွှင့်ပြသနေတဲ့ နာမည်ကြီးဒရာမာ ဒရာမာမှာ ဧည့်သရုပ်ဆောင်အဖြစ်ပါဝင်လာခဲ့ပါတယ်။ ဆောင်းဂျွန်ကီဟာ ကလေးမွေးဖွားပြီးနောက်မှာ ဇနီးဖြစ်သူကေသီနှင့်အတူ အီတလီမှာပဲနေထိုင်နေခဲ့တာဖြစ်ပြီးတော့ မကြာသေးခင်က My Name is Loh Kiwan လို့ခေါ်တဲ့ရုပ်ရှင်ကားတစ်ခုလည်းထွက်ခဲ့ပါသေးတယ်။

Queen of Tears ဒရာမာမှာ မင်းသမီးရဲ့ကွာရှင်းမှုရှေ့နေ အဖြစ်ပါဝင်သရုပ်ဆောင်ပေးခဲ့တဲ့ မင်းသားဟာ အရင်တစ်ခါကနာမည်ကြီးသွားခဲ့တဲ့ ဗင်ဇဲင်ဇိုဇာတ်ကားထဲက ဇာတ်ကောင်ဖြစ်တဲ့ မာဖီးယားရှေ့နေ Vincenzo ကာရိုက်တာနှင့်ပါဝင်ခဲ့တာပါ။ ဒရာမာဟာ မထင်မှတ်ထားတဲ့ဇာတ်လမ်းပြကွက်တွေနှင့် တစ်ခြားအကြောင်းအရာတွေကြောင့် လူထုအာရုံစိုက်မှုကိုအပြည့်အဝရနေတဲ့အပြင် ဆောင်းဂျွန်ကီလိုမျိုးမင်းသားကပါ ဧည့်သရုပ်ဆောင်ပါပေးခဲ့တာကြောင့် စံချိန်တင်ကြည့်ရှုနှုန်းကိုရသွားခဲ့ပါတယ်။

ဆောင်းဂျွန်ကီဟာ မင်းသမီး ကင်ဂျီဝန်းနှင့်အတူ Desendents of the Sun နှင့် Arthal Chronicles တို့မှာအတူအလုပ်တွဲလုပ်ဖူးတာကြောင့် ရင်းနှီးတဲ့ဆက်ဆံရေးရှိပါတယ်။ Queen of Tears ဟာလက်ရှိထုတ်လွှင့်ပြသထားတဲ့ အပိုင်း ၈ မှာ ကြည့်ရှုနှုန်း ၁၈ ရာခိုင်နှုန်းအထိရှိလာပြီးတော့ မကြာခင်မှာ အရင်ဇာတ်ကားတွေစံချိန်တင်ခဲ့တဲ့ရာခိုင်နှုန်းကိုကျော်သွားနိုင်တယ်ဆိုပြီးခန့်မှန်းထားကြပါတယ်။






