ပယင်းကျောက်တစ်ခုကနေတွေ့ရှိခဲ့ရတဲ့ ကမ္ဘာ့အသေးဆုံးဒိုင်နိုဆော

//s9.kh1.co/d3/d351717e87a4b6746ffcbe6008e1679d09b0c606.jpg
MPT

 ၂၆-မတ်-၂၀၂၄ ၉am · လွန်ခဲ့သော တစ်လ က

ပယင်းကျောက်တစ်ခုကနေတွေ့ရှိခဲ့ရတဲ့ ကမ္ဘာ့အသေးဆုံးဒိုင်နိုဆော

မြန်မာနိုင်ငံမြောက်ပိုင်း ကချင်ပြည်နယ်ကနေပြီးတော့ နှစ်သန်းပေါင်း ၉၉ သန်းလောက်သက်တမ်းရှိနေတဲ့ ပယင်းကျောက်တစ်ခုကိုတွေ့ခဲ့ပါတယ်၊။ ဒီပယင်းကျောက်အတွင်းမှာ အရင်ကမတွေ့ဖူးတဲ့ ဦးခေါင်းခွံအရိုးစုတစ်ခုကိုတွေ့ခဲ့တာကြောင့် ခွဲခြမ်းစိတ်ဖြာလိုက်တဲ့အခါမှာတော့ ဒီအရိုးစုဟာ ရှေးကျတဲ့ဒိုင်နိုဆောတစ်ကောင်ရဲ့အရိုးစုဖြစ်ကြောင်း သိလိုက်ရပါတယ်။ ဒီအရိုးစုဟာ လက်ရှိငှက်တွေလိုမျိုး အသေးစားလေးဖြစ်ပြီးတော့ တစ်ခါမှမတွေ့ဖူးသေးတဲ့ မျိုးစိတ်လည်းဖြစ်ပါတယ်။

https://s9.kh1.co/__image/w=600,h=377,q=100/46/4667fb04655d1ca8c6e379f3ceac4d7c967d2ae8.jpg

လေ့လာစမ်းသပ်မှုတွေအပြီးမှာတော့ ဒီအရိုးစုဟာ Oculudentavis khaungraae လို့ခေါ်တဲ့ ပျံသန်းနိုင်တဲ့ဒိုင်နိုဆောအနွယ်ဝင်တစ်မျိုးဖြစ်တယ်ဆိုတာကိုသိလိုက်ရပါတယ်။ ဒီလိုဒိုင်နိုဆောအမျိုးအစားတွေဟာ လွန်ခဲ့တဲ့နှစ်သန်းပေါင်း ၁၀၀ ကျော်လောက်တုန်းကနေထိုင်ရှင်သန်ခဲ့ကြတဲ့အကောင်တွေဖြစ်ပါတယ်။ 

https://s9.kh1.co/__image/w=650,h=400,q=100/33/33a20ccdc9059d027da5e24d73c76d2661791401.jpg

တရုတ်နှင့်အမေရိကန် ခေတ်မှီနည်းပညာတွေနှင့် ဦးခေါင်းခွံကို ခွဲခြမ်းစိတ်ဖြာပြီးနောက်မှာ အရိုးစုနှင့်ကိုက်ညီတဲ့ ပုံရိပ်ကိုထုတ်လုပ်နိုင်ခဲ့ပါတယ်။ ဒီပုံရိပ်အရ ဒီဒိုင်နိုဆောတွေဟာ သာမာန်ငှက်တွေနှင့်ပုံစံတူပြီးတော့ အခုချိန်ထိတွေ့သမျှ ဒိုင်နိုဆောမျိုးစိတ်တွေထဲမှာ အသေးဆုံးဖြစ်တယ်လို့သိရပါတယ်။ ခန္တာကိုယ်အစိတ်အပိုင်းကိုမတွေ့ရသေးတာကြောင့် ဒီအစိတ်အပိုင်းတွေဟာလည်း ပယင်းတစ်ခုထဲမှာနစ်မြုပ်နေနိုင်တယ်လို့ခန့်မှန်းထားကြပါတယ်။ 

https://s9.kh1.co/__image/w=650,h=667,q=100/63/630019b959ee3ec5d8146cb2de6534097c06726f.jpg
Mary
Mery

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T