ကျောက်စိမ်းနွယ်ပင်များကို သိပ္ပံအခေါ် Strongylodon macrobotrys လို့ခေါ်ပြီး ဖိလစ်ပိုင်နိုင်ငံမှာ ရှိတဲ့ ပဲပင်မျိုးစိတ်တစ်မျိုး ပဲ ဖြစ်ပါတယ်။ အချင်း 2 စင်တီမီတာအထိ ထူထပ်သော ပင်စည်များရှိပြီး ခြေသည်းပုံသဏ္ဍာန် ပန်းပွင့်များနဲ့ စပျစ်သီးခိုင် ပုံစံကြောင့် လူသိများလာခဲ့ပါတယ်။ အပြာမှ အစိမ်းဖျော့ထိ အရောင်ကွဲသွားပြီး ဝတ်မှုန်ကူးမျိုးပွားဖို့ လင်းနို့များကို အားကိုးကြပါတယ်။

ကျောက်စိမ်းနွယ်ပင်တစ်ပင်တွင် ပျမ်းမျှ ပန်းပွင့်ပေါင်း 75 ပွင့်ရှိပြီး အရှည် 3 မီတာ ထိ ရှည်နိုင်ပါတယ်။ ဖိလစ်ပိုင် မိုးသစ်တောများတွင် အစုလိုက်အပြုံလိုက် တွေ့ရပြီး ဇောက်ထိုးပုံစံအောက်သို့ အတွဲလိုက်စိုက်နေတာကြောင့် မျိုးပွားဖို့ ခက်ခဲကြပါတယ်။ အလွန်အေးသော အအေးဒဏ်ကို မခံနိုင်ဘဲ အနိမ့်ဆုံးအပူချိန် ၁၅ဒီဂရီစင်တီဂရိတ် လိုအပ်ပါတယ်။ အခြားအပင်များနဲ့ မတူဘဲ အတွဲလိုက်အခိုက်ရှိခြင်း ၊ ထူးခြားတဲ့ စိမ်းပြာရောင် တို့ကြောင့် အပူပိုင်းဒေသရှိ ဥယျာဉ်များတွင် အလွန်တန်ဖိုးကြီးတဲ့ အပင်မျိုးစိတ်တစ်မျိုးပဲ ဖြစ်ပါတယ်။

Jade Vine အပွင့်များကို ဖိလစ်ပိုင်တွင် ပဲတောင့်ရှည်ကဲ့သို့ ဟင်းသီးဟင်းရွက်အဖြစ် စားသုံးကြပါတယ်။ ရေအများအပြားလိုအပ်သော အပင်တစ်မျိုးဖြစ်ပြီး ရေဓာတ်ချို့တဲ့ပါက အရွက်များ ညိုလာကာ ညှိုးနွမ်းခြောက်သွေ့တတ်ပါတယ်။ မိုးသစ်တောများဆုံးရှုံးခြင်း ၊ ရာသီဥတုဖောက်ပြန်ခြင်း ၊ သူတို့ရဲ့သဘာဝအရဝတ်မှုန်ကူးမှု နည်းပါးခြင်းတို့ကြောင့် ကမ္ဘာပေါ်ရှိ အရှားပါးဆုံး အပင်မျိုးစိတ်များတွင် တစ်မျိုးအပါအဝင်ပဲ ဖြစ်ပါတယ်။




