ရန်လိုစိတ်မရှိဘဲ သီးခြားနေတတ်တဲ့ Opossum အကောင်လေးများကို တောင်အမေရိကရဲ့ မြောက်ပိုင်း နဲ့ အလယ်ပိုင်းတို့တွင် တွေ့ရပြီး လွန်ခဲ့သော နှစ်ပေါင်း ၂၃သန်းကတည်းက တည်ရှိတယ်လို့ ဆိုပါတယ်။ အိမ်မွေးကြောင်တစ်ကောင် အရွယ်အစားအထိ ကြီးနိုင်ပြီး အလယ်လတ်ကြီးသော marsupial မျိုးစိတ်ဝင်တစ်မျိုးပဲ ဖြစ်ပါတယ်။ မှောင်မိုက်ပြီး အေးမြလုံခြုံသော နေရာများကို နှစ်သက်ကြတာကြောင့် အဆောက်အဦးအောက်များ ၊ မြေအောက်ရှိ စွန့်ပစ်ထားသော မြေတွင်းများတွင် နေထိုင်လေ့ရှိပါတယ်။

အင်းဆက် ၊ ကြွက် ၊ ငှက် ၊ ဥများ ၊ ဖား ၊ အပင် ၊ အသီးအနှံ နဲ့ သေဆုံးပြီးသောတိရစ္ဆာန်များရဲ့အသား ၊ ခွေးအစာ ၊ ကြောင်အစာများကို စားသုံးကြပါတယ်။ 12 ရက် မှ 14 ရက်ထိ ကိုယ်ဝန်ဆောင်ကြပြီး တစ်ခါမွေးလျှင် အကောင်ပေါက် နှစ်ဆယ်ထိ ရှိတဲ့ အကောင်လိုက်မွေးသော နို့တိုက်သတ္တဝါလေး ပဲဖြစ်ပါတယ်။ဒါ့အပြင် အန္တာရာယ်နဲ့ ကြုံလာပါက နာမကျန်းဖြစ်နေပုံ ၊ သေဆုံးနေပုံအသွင်အပြင် နဲ့ ဟန်ဆောင်တတ်ကြပါသေးတယ်။ Opossum အထီးများသည် အမများထက် ပိုကြီးတတ်ကြပြီး တောရိုင်းထဲတွင်ပျမ်းမျှ တစ်နှစ် မှ နှစ်နှစ် အထိ ရှင်သန်နိုင်ပါတယ်။

ချွန်ထွက်နေသော နှုတ်သီး ၊ မီးခိုးရောက်အမွှေးအမျှင် ၊ လုံးဝန်းသော နားရွက် ၊ ရှည်လျားသောအမြီးများကြောင့် တခါတရံ ကြွက်များနဲ့ မှားတတ်ကြပါတယ်။ ဒါပေမဲ့ Opossum အကောင်လေးတွေဟာ သားပိုက်ကောင် နဲ့ ကိုအာလာ တို့လို အကောင်မျိုးစိတ်ထဲကလာတာပဲ ဖြစ်ပါတယ်။ တောင်အမေရိကတိုက်မြောက်ပိုင်း တွင် ပေါများစွာ တွေ့ရပြီး မျိုးပွားနိုင်မှု များတာကြောင့် မျိုးသုန်းပျောက်ကွယ်မဲ့ အန္တာရာယ်တော့ မရှိသေးပါဘူး။