ဩစတေးလျနိုင်ငံက ကမ္ဘာ့အကြီးဆုံး သဲဖြူကျွန်းကြီး

//s9.kh1.co/00/007f12246ac672704b35cc753551c85d0589d6e0.jpg
MPT

 ၂၅-မတ်-၂၀၂၄ ၁pm · လွန်ခဲ့သော ၂ နှစ် က

ဩစတေးလျနိုင်ငံက ကမ္ဘာ့အကြီးဆုံး သဲဖြူကျွန်းကြီး

Fraser ကျွန်းဟာ ဩစတေးလျ အရှေ့ဘက်ကမ်းရိုးတန်းတလျှောက် ကမ္ဘာ့အမွေအနှစ်စာရင်းဝင် သဲကျွန်းတစ်ကျွန်းပဲ ဖြစ်ပါတယ်။ မြို့တော် ဘရစ္စဘိန်းပြည်၏ မြောက်ဘက် 250 ကီလိုမီတာ ( 160 မိုင် ) ခန့်အကွာတွင် ရှိပြီး 2021 သန်းခေါင်စာရင်းအရ ကျွန်းတွင် နေထိုင်သူ ဦးရေ 152 ယောက်ရှိပါတယ်။ လွန်ခဲ့သော နှစ်ပေါင်း 10000 မှ 20000 ကြား ‌ပင်လယ်ရေကျချိန်တွင် ပေါ်ပေါက်လာခဲ့သော ကျွန်းတစ်ကျွန်းပဲ ဖြစ်ပါတယ်။ 123 ကီလိုမီတာ ( ၇၆ မိုင် ) ရှည်လျားပြီး 22 ကီလိုမီတာ ( ၁၄ မိုင် ) ကျယ်ဝန်းပါတယ်။

https://s9.kh1.co/__image/w=650,h=342,q=100/8d/8debb445565c2e2c35035014f72446c2cc1e2114.jpg

ကမ္ဘာ့အကြီးဆုံး သဲဖြူကျွန်းကြီး ဖြစ်ပြီး ၁၈၄၀ ကီလိုမီတာ ( ၇၁၀ စတုရန်းမိုင် ) ကျယ်ဝန်းပါတယ်။ Fraser ကျွန်းတွင် ရေချိုကန်ပေါင်း ၁၀၀ ကျော်ရှိပြီး တက်စမေးနီးယားကျွန်း ပြီးလျှင် ဩစတေးလျမှာ ဒုတိယအများဆုံး ရေကန်ရှိတဲ့ ကျွန်းပဲ ဖြစ်ပါတယ်။ ကျွန်းပေါ်ရှိ ရေချိုကန်များဟာ ကမ္ဘာပေါ်တွင် အသန့်ရှင်းဆုံးရေ ထဲပါဝင်ကြပြီး မိုးသစ်တောများ ၊ ယူကလစ်သစ်တောများ ၊ ဒီရေတောများ ၊ သစ်ဆွေးသစ်တောမဖား ၊သဲခုံများ နဲ့ ကောင်းမွန်သော ရာသီဥတုကို ပိုင်ဆိုင်ကြပါတယ်။

https://s9.kh1.co/__image/w=650,h=342,q=100/08/08b9c45a802499856e7050d735aa3004eb3af8ef.jpg

ကျွန်းပေါ်တွင် ‌ရှားပါးနို့တိုက်သတ္တဝါအချို့ နဲ့ တခါတရံ ရေငန်နေမိကျောင်းများ ၊ငှက်များ ၊ တွားသွားသတ္တဝါများ နှင့် ကုန်းနေရေနေသတ္တဝါများလည်း နေထိုင်ကြပါတယ်။ Fraser ကျွန်းရဲ့ အထင်ကရနေရာတစ်ခုကတော့ 1935 ခုနှစ် ဇူလိူင်လ 9 ရက်နေ့တွင် ကျွန်း၏အရှေ့ဘက်ကမ်းရိုးတန်းတွင် သောင်တင်လာတဲ့ SS Maheno သ‌င်္ဘောပျက်ပဲဖြစ်ပါတယ်။ ပျမ်းမျှ နှစ်စဉ် ကမ္ဘာ့လှည့်ခရီးသွား 500,000 ‌ယောက် လာရောက်လည်ပတ်ကြသောကြောင့် နိုင်ငံခြားဝင်ငွေအများအပြား ရရှိတဲ့ ကျွန်းတစ်ကျွန်းပဲ ဖြစ်ပါတယ်။

yoonpchi
yoonpchi

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T