ပုစဥ်းတွေနှင့်ပတ်သက်ပြီး လူတွေမသိသေးတဲ့အချက်များ

//s9.kh1.co/7e/7e12b60fb9c19c4eff2ed3674aed4d95e6f4f763.jpg
MPT

 ၂၈-မတ်-၂၀၂၄ ၂pm · လွန်ခဲ့သော တစ်နှစ် က

ပုစဥ်းတွေနှင့်ပတ်သက်ပြီး လူတွေမသိသေးတဲ့အချက်များ

ပုစဥ်းတွေဟာ လွန်ခဲ့တဲ့နှစ်သန်းပေါင်း ၃၀၀ ကတည်းကကမ္ဘာပေါ်မှာ နေထိုင်လာတဲ့အင်းဆက်မျိုးစိတ်တွေဖြစ်ကြပြီးတော့ ရှေးအကျဆုံးတိရစ္ဆာန်စာရင်းမှာပါဝင်ပါတယ်။ ပုစဥ်းတွေနှင့်ပတ်သက်ပြီး လူတွေသိပ်မသိကြသေးတဲ့အကြောင်းအရာတွေကိုဖော်ပြပေးသွားပါမယ်။

https://s9.kh1.co/__image/w=650,h=434,q=100/aa/aa6f0d25bc6b93d8222c5fc01058a739e645d7cd.jpg

(၁) ပုစဥ်းတွေဟာ လေပေါ်မှာပျံနေရင်းနှင့်ပဲသားကောင်ကိုဖမ်းယူနိုင်ကြပါတယ်။ ပုစဥ်းတွေဟာ အင်းဆက်လောကမှာအတော်ဆုံးအမဲလိုက်သမားတွေဖြစ်ပြီးတော့ အမဲလိုက်မှုအောင်မြင်နှုန်းက ၉၅ ရာခိုင်နှုန်းအထိရှိပါတယ်။ 

(၂) သူတို့ရဲ့ပျံသန်းနိုင်စွမ်းဟာလည်း ဘယ်သတ္တဝါမှယှဥ်လို့မရလောက်အောင် ကောင်းမွန်ပါတယ်။ တောင်ပံလေးခုပါဝင်ပြီးတော့ ဒီတောင်ပံတွေအကုန်လုံးကို လွတ်လပ်စွာလှုပ်ရှားနိုင်တာကြောင့် လေထဲမှာ ကြိုက်တဲ့အနေအထားနှင့်ပျံသန်းနိုင်ပါတယ်။ 

https://s9.kh1.co/__image/w=650,h=366,q=100/e7/e76b523209297f1f87d6bdb3af7fe9c22c183efe.jpg

(၃) ပုစဥ်းတွေရဲ့မျက်နှာမှာမျက်လုံးဟာ ၉၀ ရာခိုင်နှုန်းလောက်ရှိပါတယ်။ ကြီးမားတဲ့မျက်လုံးတွေဟာ ၃၆၀ ဒီဂရီလှည့်နိုင်မြင်နိုင်တဲ့မျက်လုံးတွေဖြစ်တဲ့အပြင် ဒီမျက်လုံးကြီးတွေကို မျက်လုံးအသေးလေးသုံးထောင်ကျော်လောက်နှင့်ပေါင်းစပ်ဖွဲ့စည်းထားတာဖြစ်ပါတယ်။

(၄) ပုစဥ်းဖြစ်လာမယ့် သားပေါက်တွေဟာ ရေအောက်မှာ ၂ နှစ်လောက်နေထိုင်ရတတ်ပါတယ်။ သားလောင်းဘဝနှင့်ရေအောက်မှာနေထိုင်မှုဟာ မျိုးစိတ်ကိုလိုက်ပြီး ၆ နှစ်အထိတောင်ကြာရှည်တတ်ပါတယ်။ ဒီလိုနေထိုင်ရတဲ့အတောအတွင်းမှာ ပုစဥ်းတွေဟာ ရေအောက်ဘဝကိုကျွမ်းကျင်စွာနေထိုင်တတ်ကြပါတယ်။ 

https://s9.kh1.co/__image/w=650,h=650,q=100/07/07e27bf748f30010234829020f77c484c39dd9c0.jpg
Mary
Mery

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T