ဒေါ်လာလေးသိန်းတောင်တန်တဲ့ အလှမွေးငါးမျိုးစိတ်တစ်မျိုး

//s9.kh1.co/56/56e96138a70dd25f9360995d2a90a90bfa85cb7b.jpg
MPT

 ၂၈-မတ်-၂၀၂၄ ၁၁am · လွန်ခဲ့သော ၂ နှစ် က

ဒေါ်လာလေးသိန်းတောင်တန်တဲ့ အလှမွေးငါးမျိုးစိတ်တစ်မျိုး

အရှေ့တောင်အာရှမျိုးရင်းဖြစ်တဲ့ ပလက်တီနမ်အာရိုဝါနာ Platinum Arowana ငါးဟာ ရေချိုငါးဖြစ်ပြီးတော့ ကမ္ဘာပေါ်က အလှမွေးငါးမျိုးစိတ်တွေထဲမှာ ဈေးအကြီးဆုံးငါးဖြစ်ပါတယ်။ ပြောင်လက်နေတဲ့ငွေရောင်ကိုယ်ထည်နှင့် ကြီးမားတဲ့အကြေးခွံတွေကြောင့် အာရိုဝါနာငါးဟာလှပကျော့ရှင်းတဲ့ငါးအဖြစ်သတ်မှတ်ခံရပါတယ်။ 

https://s9.kh1.co/__image/w=600,h=400,q=100/7c/7ccb89b9154b3c4dfd18976351b98b6aef25f11b.jpg

ပလက်တီနမ်အရောင်ဖြစ်ရခြင်းဟာ မျိုးရိုးဗီဇပြောင်းလဲမှုကြောင့်ဖြစ်ပြီးတော့ တစ်ကိုယ်လုံးငွေရောင်ဖြစ်နေတဲ့အာရိုဝါနာငါးတွေဟာအတော်လေးရှားပါးပါတယ်။ အကောင်သေးပေမဲ့ သားရဲမျိုးစိတ်ဖြစ်တာကြောင့် ငါးအသေးစားလေးတွေကိုခုန်အုပ်ဖမ်းတတ်တဲ့ အာရိုဝါနာဟာ တောရိုင်းထဲမှာဆိုရင် အနှစ်နှစ်ဆယ်ကျော်ထိအသက်ရှင်နိုင်ပါတယ်။ အရှေ့တောင်အာရှမျိုးရင်းဖြစ်ပေမဲ့ အာရိုဝါနာငါးတွေကို ဩစတေးလျ အာဖရိကနှင့်တောင်အမေရိကဒေသတွေမှာလည်းတွေ့ရတတ်ပါတယ်။ 

https://s9.kh1.co/__image/w=640,h=426,q=100/4a/4a0a3931a1a5e741f0dbcd4a961f1bdad424eac3.jpg

ယုံတမ်းနှင့်ပုံပြင်တွေအရ အာရိုဝါနာငါးတွေဟာ စီးပွားရေးနှင့်ကံကောင်းမှုကိုယူဆောင်ပေးတဲ့ငါးတွေဖြစ်ပါတယ်။ သားဖောက်ဖို့ခက်ခဲတဲ့ငါးမျိုးစိတ်ဖြစ်တာကြောင့် ငါးမျိုးစိတ်အရေအတွက်ဟာ အနည်းအကျဥ်းပဲရှိပါတယ်။ ဒီအကြောင်းတွေကြောင့် ပလက်တီနမ်အာရိုဝါနာငါးတွေဟာ ငါးစုဆောင်းသူတွေရဲ့အိမ်မက်တစ်ခုဖြစ်လာပြီးတော့ ငါးအရွယ်အစားနှင့်ပုံစံကိုလိုက်ပြီး ဒေါ်လာ သောင်းဂဏန်းကနေ သိန်းကျော်အထိပေါက်ဈေးရှိနေပါတယ်။

https://s9.kh1.co/__image/w=650,h=546,q=100/59/595bbc7d7349a1d57e31b5baee99b89c9138c9cc.jpg
Mary
Mery

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T