ကိုယ့်ကိုအန္တာရာယ်ဖြစ်‌စေမှသာ အဆိပ်ထုတ်တတ်တဲ့ ချစ်စရာငါးမျိုးစိတ်

//s9.kh1.co/dc/dc9568e64bf5cdc90523aaebb7858596fbe286c0.jpg
MPT

 ၂၃-မတ်-၂၀၂၄ ၁pm · လွန်ခဲ့သော တစ်နှစ် က

ကိုယ့်ကိုအန္တာရာယ်ဖြစ်‌စေမှသာ အဆိပ်ထုတ်တတ်တဲ့ ချစ်စရာငါးမျိုးစိတ်

Mandarin fish များကို အင်ဒို-ပစိဖိတ်ဒေသရှိ ပူနွေးသောပင်လယ်ရေပြင် ၊ Ryukyu ကျွန်းစုများမှ ဩစတေးလျအထိ အများအားဖြင့် တွေ့နိုင်ပါတယ် ။ ရေငန်နေငါးတစ်မျိုးဖြစ်ပြီး Callionymidae မျိုးစိတ်အဖွဲ့ဝင် သေးငယ်၍ အရောင်တောက်သော အဏ္ဏဝါငါးမျိုးစိတ် တစ်မျိုးပဲဖြစ်ပါတယ်။ သန္တာကျောက်တန်းများအနီးတွင် နေထိုင်ကြပြီး ကမ်းရိုးတန်း ၊ ပင်လယ်ရေအောက် အနက် မှာ ရှိသော သန္တာကျောက်တန်း များကိုပို၍ နှစ်သက်ကြပါတယ်။ 

https://s9.kh1.co/__image/w=650,h=342,q=100/b2/b29a0230c797ec1b2dc2d8be9ffdc30b27bee0a2.jpg

တောက်ပသော အပြာရောင်အရေပြားပေါ်တွင် လိမ္မော်ရောင်အစင်းကြောင်းများရှိပြီး မျက်နှာမှာ အပြာရောင်နှင့် စိမ်းပြာရောင် အစင်းကြောင်းများပါရှိပါတယ်။ ကြီးမားသော ရေယက်တောင်များ ရှိကြပြီး အမြီးမှာ တောက်ပသော လိမ္မော်ရောင် နှင့် အပြာရောင်အစင်းကြောင်းများဖြစ်နေပါတယ်။ သန္တာကျောက်တန်းနားရှိ သေးငယ်သော ပုစွန်စိတ်လေးများ နဲ့ ကျောရိုးမဲ့သတ္တဝါငယ်လေးများကို အဓိကစားသုံးပြီး မန်ဒရင်းငါးများသည် ပျမ်းမျှအရွယ်အစား ၆ စင်တီမီတာ ခန့်သာရှိသောကြောင့် အလွန်သေးငယ်သော ငါးမျိုးစိတ်တစ်မျိုးသာဖြစ်ပါတယ်။

https://s9.kh1.co/__image/w=650,h=342,q=100/4d/4d44eafd1b3395911947650e32ddda411cd0e6e1.jpg

အကြေးခွံများမပါရှိဘဲ စူးရှသောအနံ့ ၊ အဆိပ်အတောက်‌ဖြစ်စေသော အကျွဲအချွဲများပါရှိပြီး 10 နှစ် မှ 15 နှစ် ထိ ရှင်သန်နိုင်ကြပါတယ်။ အလှမွေးငါးများအဖြစ် လူသိများပြီး ဖမ်းဆီးမွေးမြူခြင်းများကြောင့် ‌မန်ဒရင်းငါးအရေအတွက်များ သိသိသာသာ လျော့နည်းလာခဲ့ပေမဲ့ မျိုးသုန်းပျောက်ကွယ်မှု အန္တာရာယ်တော့ မရှိသေးဘူးလို့ UNESCO ကဆိုပါတယ်။ ကိုယ့်ကို အန္တာရာယ်မဖြစ်စေရင် တိတ်ဆိတ်ပြီး ဖော်ရွေတတ်တဲ့ မန်ဒရင်းငါးလေးတွေဟာ သူ့ကိုအန္တာရာယ်ဖြစ်စေမယ်ဆိုရင်တော့ အကျိအချွဲ နှင့် ဆူးတောင်များကို ထုတ်၍ကာကွယ်တတ်ကြပါတယ်တဲ့။

yoonpchi
yoonpchi

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T