Ice-land နိုင်ငံမှာရှိသော Vatnajokull အမျိုးသားဥယျာဉ်ကို ၂၀၀၈ ခုနှစ် ၊ ဇွန်လတွင် စတင်တည်ထောင်ခဲ့ပြီး တဖြည်းဖြည်း တိုးချဲ့ခဲ့ရာ ယခု ဧရိယာ ၅၄၆၀ စတုရန်းမိုင် ( ၁၄၁၄၁ စတုရန်းကီလိုမီတာ ) ရှိပြီး ဥရောပတွင် ဒုတိယအကြီးဆုံး အမျိုးသားဥယျာဉ်ဖြစ်ပါတယ်။ Vatnajokull အမျိုးသားဥယျာဉ်ဝန်းရှိ ရေခဲများဖုံးလွှမ်းထားသော မီးတောင်သေအစုအဝေးကို Vatnajokull ice cap ( Vatnajokull ရေခဲထုပ် )လို့ခေါ်ကြပါတယ်။

ရေခဲထုပ်ကဲ့သို့ဖြစ်နေတဲ့ Vatnajokull ရေခဲပြင်အစုအဝေးကြီးသည် ဥရောပတွင် အကြီးဆုံးရေခဲတောင်ဖြစ်ပြီး အိုက်စလန်နိုင်ငံမြေထု ရဲ့ တစ်ဆယ်ခိုင်နှုန်းကို လွှမ်းခြုံသက်ရောက်နေတဲ့ ကျွန်းပေါ်တွင်တည်ရှိပါတယ်။ ရေခဲထုရဲ့ ပျမ်းမျှအထူသည် ၃၈၀ မီတာ ( ၁၂၅၀ ပေ ) နဲ့ အမြင့်ဆုံးအထူသည် ၉၅၀ မီတာ ( ၃၁၂၀ ပေ ) ရှိပြီး အမြင့်ဆုံးတောင်ထွတ် Hvannadalshnukur ကတော့ ၂၁၀၉ မီတာ သို့မဟုတ် ၆၉၂၁ ပေ ၃ လက်မ ထိမြင့်ပါတယ်။ ဒါ့အပြင် ရေခဲတောင်များခြေရင်းတွင် ရေခဲရေကန် ၊ ရေခဲမြစ် တို့ရှိပြီး ရေခဲပြင်ကြီးအောက်တွင်လည်း မီးတောင်များစွာရှိပါတယ်။

ယခုအခါမှာတော့ မီးတောင်ပေါက်ကွဲမှုများနဲ့ ရာသီဥတုပြောင်းလဲခြင်းများကြောင့် ရေခဲများအရည်ပျော်ကာ နဂိုအထူအမြင့်များထက် ၃ပေ လောက်လျော့နည်းသွားပါတယ်။ Vatnajokull တွင် တောင်တက်ခြင်း ၊ ရေခဲလျှောစီးခြင်း များလုပ်နိုင်တဲ့အပြင် တွဲလောင်းကျနေသော ရေခဲတုံးများနဲ့ ပြည့်နှက်နေတဲ့ မြေအောက်ဂူများကိုပါ သွားရောက်လေ့လာနိုင်သောကြောင့် ကမ္ဘာလှည့်ခရီးသွားတို့အတွက် ရင်သပ်ရှုမောဖွယ် စိတ်လှုပ်ရှားဖွယ်ရာများနဲ့ ပြည့်နှက်နေသော နေရာလေးတစ်ခုမို့ သွားဖူးအောင်သွားသင့်တဲ့ နေရာလေးတစ်ခုပဲဖြစ်ပါတယ်။