အနီရောင်တောက်တောက်မျက်လုံးနဲ့ ဖားဟာ အဆိပ်ရှိလား

//s9.kh1.co/69/69ca2d951e888f2870efaa6e2f2d92c2ce4217a5.jpg
MPT

 ၂၂-မတ်-၂၀၂၄ ၈am · လွန်ခဲ့သော တစ်နှစ် က

အနီရောင်တောက်တောက်မျက်လုံးနဲ့ ဖားဟာ အဆိပ်ရှိလား

မျက်စိနီသစ်ပင်ဖား လို့‌သိကြတဲ့ Agalychnis calligryas သည် မျိုးစိတ်ခွဲ Phyllomedusinae က ဆင်းသက်လာတဲ့ဖားမျိုးစိတ်တစ်မျိုးပဲဖြစ်ပါတယ်။ အမေရိကအလယ်ပိုင်း မှ အနောက်မြောက်ပိုင်း နဲ့ တောင်အမေရိကရှိ အပူပိုင်းသစ်တောများမှာ အများအားဖြင့်တွေ့ရနိုင်ပါတယ်။ မျက်စိနီသောသစ်ပင်ဖားများတွင် တောက်ပသော အစိမ်းရောင် ခန္ဓာကိုယ် ၊ ခန္ဓာကိုယ်‌နံဘေးတစ်ဖက်တစ်ချက်တွင် အပြာနှင့်အဝါရောင်အစင်းကြောင်းများ ၊ ထူးခြားသောအနီရောင်မျက်လုံး နဲ့ လိမ္မော်ရောင်ခြေဖဝါးများ တို့ပါရှိပြီး ရှည်လျားသော ခြေလက်များပါရှိသော ဘိုရီရယ်ဖားတစ်မျိုးပဲဖြစ်ပါတယ်။

https://s9.kh1.co/__image/w=650,h=342,q=100/28/28c74316070430c2b9ad2d4d046e1f00544ca770.jpg

ရေကန်စပ် ချောင်းစပ်များတွင် မျိုးပွားကြပြီး အပူပိုင်းသစ်တောများရှိ စိုစွတ်သောနေရာများတွင် တွေ့ရနိုင်ပါတယ်။ ဖားအထီးများသည် အမများထက် အရွယ်အစားသေးငယ်ကြပြီး အရွယ်ရောက်ပြီးသော မျက်စိနီဖားထီးများသည် အရှည် ၂ လက်မ နှင့် ဖားမ များသည် အရှည် ၃လက်မ ရှိကြပါတယ်။ သူတို့ရဲ့ စိမ်းလန်းတဲ့အရေပြားအရောင်ကြောင့် သစ်ပင်များကြားပုန်းကွယ်ရလွယ်ကူကြသော်လည်း သားရဲကောင်များနဲ့ ရင်ဆိုင်ရပါက အနီရောင်မျက်လုံးများကို ပိုမိုတောက်ပစေပြီး ခြောက်လန့်တတ်တဲ့ အဆိပ်မရှိသော ဖားတစ်မျိုးပဲဖြစ်ပါတယ်။

https://s9.kh1.co/__image/w=650,h=342,q=100/65/6597d1ba1ae884dedad44e8713da636314b76aaa.jpg

အပင်ရဲ့အကိုင်း အရွက်များတွင် တွယ်ကပ်နိုင်ဖို့ ခြေထောက်တွင် စုပ်ခွက်များပါရှိပြီး မျိုးပွားခါနီးအချိန်မှလွဲလို့ အချိန်တော်တော်များများမှာ သစ်ကိုင်းများတွင် တွဲလဲခိုလျက်တွေ့ရတတ်ပါတယ်။အရွယ်ရောက်ပြီးသောဖားများသည် ပုရစ်များ ၊ ဖလံများ ၊ နှံကောင်များ ၊ ယင်ကောင်များ ၊ ခြင်များ နဲ့ အခြားအင်းဆက်များကို အဓိကစားကြလို့ အသားစားသတ္တဝါတစ်မျိုးပဲဖြစ်ပါတယ်။မျိုးပွားရန် စိုစွတ်သောနေရာများလိုအပ်တာကြောင့် မိုးရာသီတွင်သာ မိတ်လိုက်ကြပါတယ်။ ယခုအခါ သစ်ပင်များခုတ်ယူခြင်း ၊ လူနေအိမ်များ ဖွံ့ဖြိုးတိုးတက်လာခြင်း ၊ ရာသီဥတုများပြောင်းလဲခြင်း နဲ့ လေထုညစ်ညစ်မှုတို့ကြောင့် Red eyed tree frog များအကောင်ရေ လျော့နည်းလာကြပြီး ထိန်း‌သိမ်းစောင့်ရှောက်သင့်တဲ့အဆိပ်မရှိတဲ့မျိုးစိတ်လေးပဲဖြစ်ပါတယ်။

yoonpchi
yoonpchi

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T