Brand နှစ်ခုနှင့်စာချုပ်တွေရပ်ဆိုင်းသွားပြီဖြစ်တဲ့ မင်းသမီးဟန်ဆိုဟီး

//s9.kh1.co/19/19fdc78960701688336185de3b0dd1d2d9613db0.jpg
MPT Korea Celebrity

 ၂၁-မတ်-၂၀၂၄ ၁pm · လွန်ခဲ့သော ၂ နှစ် က

Brand နှစ်ခုနှင့်စာချုပ်တွေရပ်ဆိုင်းသွားပြီဖြစ်တဲ့ မင်းသမီးဟန်ဆိုဟီး

မင်းသမီးဟန်ဆိုဟီးဟာ မကြာသေးကဟာဝိုင်အီမှာမင်းသားရူဂျွန်ယောလ်နှင့်ဒိတ်နေတယ်ဆိုပြီးသတင်းထွက်လာခဲ့ပါတယ်။ နောက်ပိုင်းမှာ‌တော့ မင်းသားရဲ့ချစ်သူဟောင်းဖြစ်တဲ့မင်းသမီးဟယ်ရီရဲ့ အင်စတာဂရမ်စတိုရီကြောင့် ပြဿနာတွေစတင်ခဲ့ပြီး ဟန်ဆိုဟီးတို့ဆက်ဆံရေးကိုဖောက်ပြန်တဲ့သူတွေအဖြစ် ဝေဖန်ခဲ့ကြပါတယ်။

https://s9.kh1.co/__image/w=640,h=800,q=100/34/34f35e079ce288d0cdd5d9ecf255cb42ecc05b0d.jpg

ပြင်းထန်တဲ့ဝေဖန်မှုနောက်ဆက်တွဲတွေမှာတော့ သတင်းဌာနတွေကနေပြီး ဟန်ဆိုဟီးတို့ဟာဖောက်ပြန်တာမဟုတ်ကြောင်း ပြတ်ပြီးမှသာတွဲကြတာဖြစ်ကြောင်းအတည်ပြုပေးခဲ့ပါတယ်။ ဒါပေမဲ့ ကိစ္စဟာကြီးမားလွန်းသွားတာကြောင့် ဟန်ဆိုဟီးဟာ အောင်မြင်နေတဲ့သူ့ရဲ့မင်းသမီးဘဝကို စတင်ထိခိုက်ခံခဲ့ရပါတယ်။ ပထမဆုံးအနေနှင့် မင်းသမီးနှင့်လေးနှစ်ကြာလက်တွဲခဲ့တဲ့ ဘဏ်တစ်ခုကနေပြီး မင်းသမီးနှင့်စာချုပ်ကိုအဆုံးသတ်လိုက်တော့မှာဖြစ်ကြောင်းကြေညာခဲ့ပါတယ်။

https://s9.kh1.co/__image/w=564,h=564,q=100/48/4855f2759a3f915a3e9036cee123941adfb78498.jpg

မရှေးမနှောင်းမှာပဲ ဆိုဂျုဘရန်းတစ်ခုကလည်း မင်းသမီးနှင့်စာချုပ်သက်တမ်းရပ်သွားမှာဖြစ်ကြောင်းကြေညာလိုက်ပါတယ်။  မင်းသမီးဟာ အလုပ်တွေအများစုကို ဒီဒိတ်တင်းသတင်းကြောင့် ဆုံးရှုံးနေရပြီဖြစ်ပါတယ်။ တစ်ခြားဘယ်ဘရန်းတွေက စာချုပ်ကိုရပ်ဆိုင်းလာအုံးမလဲဆိုတာကိုတော့ မသိရသေးပါဘူး။

https://s9.kh1.co/__image/w=564,h=846,q=100/e3/e3fa9a355473833b70527802a5714a8862ec7e2f.jpg
Mary
Mery

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T