ကမ္ဘာ့အလှဆုံးစာရင်းဝင် တရုတ်နိုင်ငံက အမျိုးသားပန်းခြံ

//s9.kh1.co/2d/2dc11020e9de0dd88b2714a62958bc8d8e9d3d06.jpg
MPT

 ၂၁-မတ်-၂၀၂၄ ၈am · လွန်ခဲ့သော တစ်နှစ် က

ကမ္ဘာ့အလှဆုံးစာရင်းဝင် တရုတ်နိုင်ငံက အမျိုးသားပန်းခြံ

ရောင်စုံကျောက်တုံးများနဲ့ လှပစွာဖွဲ့စည်းထားတဲ့ ထူးထူးခြားခြား တောင်တန်းအစုအဝေးကြီးကိုတော့ Zhangye Danxia National Park လို့ခေါ်ပြီး တရုတ်နိုင်ငံ လင်ဇီနဲ့ ဆူန်ပြည်နယ်ကြား ကီလီယန် တောင်တန်းများရဲ့ အရှေ့ဘက်ခြမ်း Zhangye နိုင်ငံနယ်နိမိတ်အတွင်းမှာ တည်ရှိပါတယ်။ ဧရိယာ ၃၂၂ စတုရန်းကီလိုမီတာ ( 124 sq mi ) ထိကျယ်ဝန်းပြီး လွန်ခဲ့သော နှစ်ပေါင်း ၂၄သန်းကျော်ထဲက ရှိထားတဲ့ သဲကျောက်များနဲ့ အခြားသတ္တုများပေါင်းစပ်မှုများကြောင့် အရောင်အသွေး အရွယ်အစားအစုံဖြင့် ဖြစ်ပေါ်လာသော တောင်တန်းများဖြစ်ပြီး Zhangye ပြည်နယ်နယ်နိမိတ်ထဲ့မှာပါရှိတဲ့အတွက် Zhanye Danxia လို့ခေါ် ပါတယ်။

https://s9.kh1.co/__image/w=650,h=342,q=100/25/25814a5d21283d0b5950716f0989e44c34764118.jpg

၂၀၀၅ ခုနှစ်တွင် တရုတ်နိုင်ငံရဲ့ အလှပဆုံး ဒန်ဇီယာတောင်တန်းဧရိယာထဲမှ တစ်ခုအဖြစ် အဓိက မီဒီယာဌာန ၃၄ခုမှ သတင်းထောက်များအဖွဲ့က ဇန်ဂျီ ဒန်ဇီယား ကို မဲပေးခဲ့ကြပြီး ၂၀၀၉ ခုနှစ်မှသာတရုတ်အမျိုးသား ဘူမိဗေဒမဂ္ဂဇင်းအသင်းက Zhangye Danxia ကို တရုတ်ပြည်ရဲ့ အလှဆုံးနယ်မြေ ၆ ခုထဲကတစ်ခုအဖြစ် Zhangye National Geopark လို့ ပြောင်းလဲအမည်ပေးခေါ်တွင်ခဲ့ပါတယ်။ ၂၀၁၁ ခုနှစ်မှာ တစ်ကမ္ဘာလုံးဆိုင်ရာ UNESCO က ဇန်ဂျီ ဘူမိအမျိုးသားဥယျာဥ်ကို ကမ္ဘာ့အလှဆုံးနယ်မြေများထဲမှ တစ်ခုအပါအဝင်အဖြစ် သတ်မှတ်ခဲ့ကြပါတယ်။

https://s9.kh1.co/__image/w=650,h=342,q=100/88/885c430152f71528bbac07551233e556ff7f7939.jpg

Zhangye national geopark သည် ကမ္ဘာလှည့်ခရီးသည်များရဲ့ နှလုံးသားကို ဖမ်းစားနိုင်ခဲ့ပြီး တရုတ်ပြည်ရဲ့ နိုင်ငံခြားဝင်ငွေရရှိမှုကို များစွာအထောက်အကူဖြစ်စေခဲ့ပါတယ်။ ကျောက်တုံးတွေဟာ ချောမွေ့ပြီး ချွန်ထက်ကြတဲ့အပြင် တောင်တွေဟာ မီတာပေါင်းရာချီအထိ မြင့်ကြပါတယ်။ တစ်နှစ်ပတ်လုံး ပျမ်းမျှအပူချိန် ၆ဒီဂရီစ်တီဂရိတ် နဲ့ ၄၃ ဒီဂရီဖာရင်ဟိုက်ရှိပြီး အေးမြခြောက်သွေ့သောရာသီဥတုမျိုးရှိပါတယ်။ အအေးဆုံးလကတော့ ဇန်နဝါရီလဖြစ်ပြီး အပူဆုံးလကတော့ ဇူလိုင်လ ဖြစ်ပါတယ်။ ဇွန်လမှ စက်တင်ဘာလအထိဟာ လည်ပတ်လို့အကောင်းဆုံးအချိန်ဖြစ်လို့အချိန်ရတယ်ဆိုရင် သွားဖြစ်အောင်သွားရမယ့်နေရာလေးတစ်ခုပဲဖြစ်ပါတယ်။

yoonpchi
yoonpchi

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T