ထူးဆန်းအံ့ဩဖွယ်ကောင်သော ငှက်တစ်မျိုးမှာ ကလောင်ငှက် (Secretary Bird)ဖြစ်ပါတယ် ဦးခေါင်းနောက်တွင် မည်းနက်သော အတောင်ရှည်များသည် မတ်ထောင်လျက်ထွက် နေလေရာ ရှေးအခါက စာရေးတော်ကြီးများ၏နားရွက်တွင် ကြက်တောင်ကလောင်တံများ ညှပ်ထားသကဲ့သို ထင်ရပြီး 'ကလောင်ငှက်' ဟူသောနာမည်ထူးကို ရရှိထားပါတယ် အရွယ်အစားကြီးမားပြီး မြေပြင်ပေါ်တွင်ပင် အများဆုံးကျက်စားသော ငှက်ရဲ တစ်မျိုး ဖြစ်ပြီး အာဖရိကတိုက်တွင်ပင် တွေ့ရပါတယ် ဆာဟာရ သဲကန္တာရ၏ တောင်ဘက်တွင် ရှိ သော ဆာဗားနားမြက်ခင်းပြင်များနှင့် ကွင်းခေါင်ခေါင်များတွင် ကျက်စားနေထိုင်ကြပါတယ် သူတစ်ပါး၏အသားကို သတ်ဖြတ်စားသောက်ရာ၌ အသန်မာဆုံးသော ငှက်မျိုးဖြစ်တဲ့အတွက် လင်းယုန်နှင့် လင်းတငှက်မျိုးတိုနှင့် နီးစပ်ပါတယ်

ကလောင်ငှက်တွင် အလွန်ရှည်လျားသော ခြေထောက်များရှိ၍ ၄ ပေခန့် အရပ်မြင့်ကြပါတယ် အမြီးမှာ မြေကြီးနှင့် ထိနေပြီး နှုတ်သီးမှာ အလွန်သန်မာ၍ ငါးမျှားချိတ်ကဲ့သို ကောက်ချိတ်နေပါတယ် မျက်လုံးပတ်လည်ရှိ အရေပြားမှာ လိမ်မော်ရောင်နှင့် ဦးခေါင်း၊ လည်ပင်းနှင့် ကျောကုန်းမှာ မွဲပြာ၍ အောက်ပိုင်းမှာ မည်းနက်ပါတယ် ဖားား၊ ပိုးမွှား၊ အိမ်မြှောင်၊ လိပ်ကလေးများနှင့် မြွေတိုသည် ကလောင်ငှက်၏ အစာဖြစ်ပြီး အလွန် အဆိပ် ပြင်းထန်သောမြွေများကိုပင် သတ်ဖြတ်စားသောက်တတ်ကြပါတယ် သူ၏ရှည်လျားသော ခြေထောက်များဖြင့် မြွေကို မပြေးနိုင်အောင် နင်းထားပြီးနောက် သန်မာသောတောင်ပံများဖြင့် ကိုယ်ကိုကာကွယ်ထားလေရာ မြွေဆိပ်မှ မစိုးရိမ်ရချေ။

ကလောင်ငှက်သည် ခြေတံရှည်သလောက် လမ်းလျှောက်မြန်၊ အပြေးမြန် မြင်းပြေးသလောက် ပြေးနိုင်၏။ တစ်ခါတစ်ရံမှသာ ပျံသန်းသော်လည်း ကောင်းစွာ ပျံနိုင်သည်။ များသောအားဖြင့် မြေကြီးပေါ်၌သာ နေကြပါတယ် ကြီးမားသောအသိုက်ကို သစ်ပင်ထက်၌ဖြစ်စေ၊ ချုံဖုတ်ထဲတွင်ဖြစ်စေ ပြုလုပ်ကြပါတယ် ဩဂုတ်လတွင် ဥများဥ၍ ဥမှာ ဖြူဖွေး၍ အညိုရောင်အစက်များ ပါရှိပါတယ်
ကလောင်ငှက်၏နေရင်းဒေသမှာ အာဖရိကတိုက် ဖြစ်သည်။ မြောက်ဘက်တွင် မော်ရီတေးနီးယားနိုင်ငံနှင့် ဆိုမာလီယာနိုင်ငံတိုမှသည် တောင်ဘက်တွင် တောင်အာဖရိကနိုင်ငံ၊ ဂွတ်ဟုပ်အငူအထိ တွေ့ရတတ်ပါတယ်