ဘီကျားငှက် ခေါ် ကြက်ဖက်နင်း ငှက်

//s9.kh1.co/f7/f7a34a7418d1f0ae82f4a70653b408f0124086bb.jpg
MPT

 ၂၀-မတ်-၂၀၂၄ ၁pm · လွန်ခဲ့သော ၂ နှစ် က

ဘီကျားငှက် ခေါ် ကြက်ဖက်နင်း ငှက်

သားပေါက်ချိန်၌ အတောင်သည် ဖြူနေတဲ့အတွက် ငှက်ကို ထင်ရှားစွာ တွေ့နိုင်ပါတယ် အခြားအချိန်များ ၌ အမွှေးရောင်တစ်မျိုး ပြောင်းလဲသွားတတ်တဲ့ သဘဝရှိကြပါတယ် မျက်စိတစ်ဝိုက်နှင့် လည်တိုင် ရှေ့ဘက်ပိုင်းသည် ဖြူနေပြီးလျှင် ဘေးတွင် အဝါရောင်အစင်းကြောင်း တစ်ခုပါရှိပါတယ်  ဘီကျားငှက်၌ အတောင်ကွေးသော နေရာထိပ်တွင် သန်မာ၍ ချွန်ထက်သော ဆူးများရှိနေပါတယ် တစ်ကောင်နှင့် တစ်ကောင် တိုက်ခိုက်ရာ၌ ထိုဆူးများကို အသုံးပြုကြပြီး အမသည် အဖိုထက် ကိုယ်ထည်ပိုကြီး၍၊ သားပေါက်ချိန်၌ တစ်သွေးတစ်မွေးလှတဲ့ ငှက်တွေ ဖြစ်ကြပါတယ်

https://s9.kh1.co/__image/w=650,h=342,q=100/49/494f47107dbcaa3368d33a4ffffdc4fc1c3877f6.jpg

ဘီကျားငှက်များသည် သားပေါက်ချိန် မဟုတ်သောအချိန်တွင် ကောင်ရေ ၅ဝ မှ ၁ဝဝ ထိ စုရုံးနေတတ်ကြပါတယ် ဘီကျား၏ အော်သံမှာ တူဝင်-တူဝင်-တူဝင် ဟု နှာသံပါသော ကြောင်အော်သံ၊ သိုမဟုတ် ပြွေသံ ကဲ့သိုနားထောင်ကောင်းသည့်အပြင်  ဟူး-ဟူး-ဟူး နှင့် သာယာစွာအော်တတ် ပါသေးတယ်

ဘီကျားငှက်သည် ချုံဖုတ်ကင်းသည့် ရေပြင်ကိုပို၍ နှစ်သက်သည်။  မလှုပ်မယှက် ငြိမ်သက်စွာ နေသည့်အခါ ပတ်ဝန်းကျင်ရှိ သစ်ကိုင်းသစ်ရွက်များနှင့် ရုတ်တရက် ခွဲခြားမရနိုင်အောင် ရှိသည်။  အစာဟာ အသီးအနှံ၊ ပိုးမွှားနှင့် ခရု၊ ကဏန်းတိုဖြစ်ကြပါတယ်

https://s9.kh1.co/__image/w=650,h=342,q=100/0f/0fbcf269b53bcbdc0fe41d947c0b47e556f1bbe1.jpg

မိုးတွင်းအခါ၌ ဘီကျားငှက်ကလေးများ ဥမှပေါက်ကြပါတယ် ကြာဖန်နင်းငှက်များကဲ့သိုပင် အသိုက်များကို သစ်ရွက်၊ ပေါင်းပင်များနှင့် ပြုလုပ်ကြပါတယ် အသိုက်များကိုကျွန်းကလေး များပေါ်၌ လည်းကောင်း၊ မြက်တောထဲ၌ လည်းကောင်း၊ ရေထဲ၌ မျော၍လည်းကောင်း တွေ့ရတတ်ပြီး အသိုက်များဟာ သေးငယ်၍ ဥများမှ ရေထဲတွင် တစ်ဝက်မြုပ်နေတတ်ကြပါတယ် 

ဥခွံသည်မာ၍ ချောမွတ်ကာအရောင်မှာ ကြေးညိုရောင် တောက်တောက်ဖြစ်ပါတယ် လတ်ဆတ်သော ဥများတွင် အစက် အပြောက်များ မရှိချေ။ ဥအရောင်သည် ပြယ်လွယ်၍ ကြာ သော် ဖြူယော်ယော် ဖြစ်လာသည်။ ဘီကျားငှက်ကို အိန္ဒိယနိုင်ငံ၊ တရုတ်နိုင်ငံတောင်ပိုင်း၊ ဖိလစ်ပိုင်နိုင်ငံနှင့် မြန်မာနိုင်ငံတိုတွင် တွေ့ရသည်။

Cho Thae Mar
Jolly

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T