ဖမ်းဆီးသတ်ဖြတ်သူများသော်လည်း ပေါများစွာကျန်ရှိနေတဲ့ စစ်စလီငှက်

//s9.kh1.co/bd/bd6940c7fd68e4a4c12a1d268903a16dd7faa1ed.jpg
MPT

 ၁၉-မတ်-၂၀၂၄ ၂pm · လွန်ခဲ့သော ၂ နှစ် က

ဖမ်းဆီးသတ်ဖြတ်သူများသော်လည်း ပေါများစွာကျန်ရှိနေတဲ့ စစ်စလီငှက်

 မြန်မာနိုင်ငံမှာတွေ့ရသော ဝမ်းဘဲအမျိုးမျိုးအနက် တစ်မျိုးဖြစ်ပါတယ်  စစ်စလီငှက်ကို အရှေ့တိုင်းဒေသများတွင် အများအပြားတွေ့ရတတ်ပါတယ် မြန်မာနိုင်ငံမှာတော့ ဖမ်းယူသတ်ဖြတ်ကြသောကြောင့် ယခုအခါ နည်းပါးလျက် ရှိပါတယ် ဧရာဝတီတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီးတို့တွင် ဖမ်းဆီးသတ်ဖြတ်သူများပြားသော်လည်း အလွန်ပေါများစွာကျန်ရှိနေပါသေးတယ် စစ်စလီ၏ အလျားမှာ ၁၇ လက်မရှိသည်။ အတောင်သည်ဝိုင်း၍ တစ်ကိုယ်လုံးမှာ ညိုရောက်လွှမ်းနေသည်။ ပျံသန်းရာတွင် မမြန်လှသော်လည်း တောင်ပံကိုအားစိုက်၍ ရိုက်ခတ်တတ်ကြပါတယ် စစ်စလီငှက် အနီးအနား၌ သစ်ပင်ထူထပ်သော ရေအိုင်များတွင် ကျက်စားကြပါတယ်  ရေကူးရာတွင် လျင်မြန်၍ ရေငုပ်ကျင်လည်ကြပါတယ်

https://s9.kh1.co/__image/w=650,h=342,q=100/67/671b9b9c3647d5d24927759da34a21671fa13387.jpg

ခရု၊ ပက်ကျိများနှင့် အသီးအရွက်များကို စားတတ်ကြပါတယ် ပျံသန်းနေစဉ် လေချွန်တတ်သည်။စစ်စလီဟာ ဇွန်လမှ စက်တင်ဘာလအတွင်း သားပေါက်တတ်ကြပါတယ်  ကျီးသိုက်ဟောင်းများ၊ သစ်ပင်ခေါင်းများ၌လည်း အသိုက်လုပ်လေ့ရှိတတ်ပါတယ် တစ်မြုံလျှင် ၈ ဥမှ ၁ဝ ဥအထိရှိဥတတ်ကြပါတယ် ဥမှာ ဖြူဖွေးပါတယ်  စစ်စလီကြီးကို အမေရိကတိုက်တောင်ပိုင်းနှင့် အလယ်ပိုင်း၊ အာဖရိကတိုက်၊ အိန္ဒိယ၊ မြန်မာနှင့် သီဟိုဠ် နိုင်ငံများတွင် တွေ့နိုင်ပါတယ်။

https://s9.kh1.co/__image/w=650,h=342,q=100/fd/fd971acd7a0000410d229337ddb34eaddda5552f.jpg

မြန်မာနိုင်ငံတွင် ဧရာဝတီမြစ် အလယ်ပိုင်းနှင့် စစ်တောင်းမြစ်ဝှမ်းများ၌ အမြဲနေ၍ တောင်ပိုင်းရှမ်းပြည်တွင်လည်း တွေ့ရတတ်တယ်  ခေါင်း၊ နှုတ်သီးနှင့် ခြေထောက်များ ကြီးမားသောကြောင့် အချိုးအစား မပြေပြစ်လှချေ။ တစ်ကိုယ်လုံး၏အရောင်မှာ သစ်ကျားခွံရောင် ပင်ဖြစ်သော်လည်း၊ ကိုယ်အထက်ပိုင်းသည်နက်၍ သစ်ကျားခွံရောင် အစင်းများရှိတတ်ပါတယ် တောင်ပံနက်၍ အမြီးဖြူကတော့ ဖြူပါတယ် လူကိုကြောက်ရွံ့တတ်သဖြင့် ရွာအနီးရှိ ရေအိုင်၊ ချောင်းမြောင်းများသို့ လာလေ့မရှိကြပါ  ပျံသန်းနေစဉ် စူးရှစွာ လေချွန်တတ်သည်။ဇွန်လမှ စက်တင်ဘာလအတွင်း သားပေါက်သည်။ အသိုက်မှာ စစ်စလီ၏ အသိုက်နှင့်တူသည်။ တစ်မြုံလျှင် ၆ ဥမှ ၈ ဥအထိရှိသည်။ ဥခွံရောင်မှာ ဖြူဖွေး၍ ချောမွတ်သည်။  

Cho Thae Mar
Jolly

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T