ကမ္ဘာပေါ်ကတစ်ခုတည်းသော ဥဥနိုင်တဲ့ နို့တိုက်သတ္တဝါအုပ်စု

//s9.kh1.co/bc/bc36de42eb42b6ae8fe8ac7808ef8c641e626a70.jpg
MPT

 ၁၈-မတ်-၂၀၂၄ ၁၁am · လွန်ခဲ့သော ၂ နှစ် က

ကမ္ဘာပေါ်ကတစ်ခုတည်းသော ဥဥနိုင်တဲ့ နို့တိုက်သတ္တဝါအုပ်စု

မိုနိုထရင်းမ် ( monotremes ) ဆိုတာ ဥဥနိုင်တဲ့ ကမ္ဘာပေါ်က တစ်ခုတည်းသော နို့တိုက်သတ္တဝါအုပ်စုပဲ ဖြစ်ပါတယ်။ မိုနိုထရင်းမ်အုပ်စုမှာဆိုရင် မျိုးစိတ် ၅ မျိုးရှိပြီး လူသိများတာကတော့ ဘဲတူဖျံတူကောင်လို့ ခေါ်ကြတဲ့ duck-billed platypus ပဲဖြစ်ပါတယ်။

https://s9.kh1.co/__image/w=650,h=342,q=100/20/207d96d6ea2ccda92b839e5ce556dbd660d05075.jpg

ကျန်လေးမျိုးကတော့ အရှေ့ဘက်နှုတ်သီးရှည်အီစီဒနာ ၊ အနောက်ဘက်နှုတ်သီးရှည်အီစီဒနာ ၊ နှုတ်သီးတိုအီစီဒနာ နဲ့ Sir David's ရဲ့နှုတ်သီးရှည်အီစီဒနာ တို့ပဲဖြစ်ပါတယ်။ ထူးခြားချက်‌ကတော့ မိုနိုထရင်းမ်‌တွေဟာ တွားသွားသတ္တဝါများကဲ့သို့ ဆီးနဲ့မစင်စွန့်ပစ်ခြင်း ၊ မျိုးပွားခြင်းတို့ကို ဘုံဒွိရပေါက် ( cloaca ) တစ်ပေါက်ထဲနဲ့‌လုပ်ဆောင်ကြပါတယ်တဲ့။

https://s9.kh1.co/__image/w=650,h=342,q=100/29/2904ced3bb7be23f45c89212bb242e8b31358469.jpg

လွန်ခဲ့သောနှစ်‌သန်းပေါင်း ၁၃၀သန်းခန့်ကတည်းက အန္တာတိတ်စက်ဝိုင်းအတွင်း

ဩစတေးလျအရှေ့တောင်ပိုင်းဘက်မှာ စတင်တွေ့ရှိခဲ့ကြတယ်လို့ လေ့လာသူများကဆိုကြပါတယ်။‌ ပုရွတ်ဆိတ်၊ခြ၊သန်ကောင်တွေကဲ့သို့ ကျောရိုးမဲ့အကောင်ငယ်လေးတွေကိုစားသုံးကြပါတယ်။ အများအားဖြင့်ဩစတေးလျ သို့မဟုတ် ဩစတေးလျက ကမ္ဘာ့ဒုတိယအကြီးဆုံးကျွန်းဖြစ်တဲ့ new guinea မှာတွေ့နိုင်ပါတယ်။

yoonpchi
yoonpchi

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T