အသားအရေပြဿနာမရှိဘဲ အသားညစ်နေတာကိုဝင်းစေချင်တာမျိုးဆိုရင် ခရမ်းချဥ်သီးပါဝင်တဲ့မက်စ်ကိုကပ်သင့်ပါတယ်။ အသားအရေကြည်ပြီးဖြူချင်တဲ့သူတွေအတွက်ပါ ဒီအမျိုးအစားကအဆင်ပြေပါတယ်။ အဆီပြန်လွယ်ပြီးတော့ အသားအရေအဆီများတဲ့သူကတော့နနွင်းနှင့် ရှားစောင်းပါဝင်တဲ့မက်စ်ကိုအသုံးပြုသင့်ပါတယ်။

အသားအရေကိုချောချောမွေ့မွေးလေးဖြစ်စေချင်တယ်ဆိုရင် ပျားရည်နှင့်သံပုရာပါဝင်တဲ့မက်စ်တွေကိုအသုံးပြုပေးရပါမယ်။ အထူးသဖြင့် ပျားရည်ဟာအသားအရေကိုနုပျိုနေအောင်နှင့်ချောမွေ့နေအောင်ကူညီပေးနိုင်ပါတယ်။ ဂလိုးနေတဲ့အသားအရေရဖို့အတွက်တော့ ဒိန်ချဥ်ပါဝင်တဲ့မက်စ်ကိုအသုံးပြုပေးဖို့လိုအပ်ပါတယ်။

ဆားဝက်ခြံတွေကိုသက်သာပျောက်ကင်းစေချင်တယ်ဆိုရင် ကြက်ဥအကာရည်နှင့် လီမွန်ဓာတ်ပါဝင်တဲ့မက်စ်ကိုအသုံးပြုနိုင်ပါတယ်။ အထူးသဖြင့်ကြက်ဥအကာဟာဆားဝက်ခြံကိုထိထိရောက်ရောက်ကုသပေးနိုင်တဲ့သဘာဝဆေးနည်းတစ်ခုဖြစ်ပါတယ်။ တစ်ခြားဝက်ခြံနှင့်အမာရွတ်တွေအတွက်တော့ အုတ်ဂျုံနှင့်ဒိန်ချဥ်ပါဝင်တဲ့ မက်စ်တွေကထိရောက်တဲ့ကုသနည်းဖြစ်မှာပါ။
