လက်ပြတ်နှင့် စကပ်အရှည်ကိုတွဲဝတ်ထားတဲ့ဖက်ရှင်ကလည်းပဲ ရုံးသွားရုံးလာလုပ်ရတဲ့ကောင်မလေးတွေအတွက် တစ်ကယ်အဆင်ပြေစေမယ့်ဖက်ရှင်ပါ။ ခန္ဓာကိုယ်ပြည့်တာကိုဖုံးပေးပြီးကြည့်ကောင်းတဲ့ပုံစံပေါ်အောင်ကူညီပေးသလို စကပ်အရှည်ကလည်းတည်ငြိမ်တဲ့ပုံပေါ်စေပါတယ်။
Top နှင့် Pant ကိုတွဲဝတ်ပြီးတော့ အပေါ်ကနေတီရှပ်လက်ရှည်ထပ်ဝတ်ထားတာကလည်း ရိုးရှင်းပြီး ဝတ်လေ့ရှိကြတဲ့တွဲဖက်မှုဖြစ်ပါတယ်။ ဒီလိုဖက်ရှင်မျိုးဟာ ဝတ်ဆင်သူကိုသက်တောင့်သက်သာဖြစ်စေပြီးတော့ နေ့စဥ်ဝတ်ဖို့အတွက်လည်းအဆင်ပြေပါတယ်။
ပလိန်းရှပ်တွေနှင့် ဘလောက်စ်တွေကို သာမာန်ဘောင်းဘီရှည်တွေနှင့်တွဲဝတ်တာကလည်း ရိုးလွန်းသလိုဖြစ်နေပေမဲ့ ထူးခြားတဲ့ဖက်ရှင်အနေနှင့်သတ်မှတ်နိုင်ပါတယ်။ ပေါ့ပေါ့ပါးပါးဖြစ်ပြီးတော့ တည်ငြိမ်တဲ့အသွင်ကိုလည်း ပေါ်စေပါတယ်။
ပေါ့ပေါ့ပါးပါးထသွားထလာလိုမျိုးဝတ်ဆင်လို့ရတဲ့ ဒီလိုပုံစံကလည်း ခပ်ပြည့်ပြည့်ကောင်မလေးတွေနှင့်အများကြီးလိုက်ဖက်မယ့်ဒီဇိုင်းပါ။ လူငယ်ဆန်ပေမဲ့ ရုံးသွားရုံးလာဝတ်ဖို့အတွက်အဆင်ပြေတဲ့ဖက်ရှင်ဖြစ်ပါတယ်။
စကပ်အပွတွေ ဘာဂျာအမျိုးအစားစကပ်တွေကို ဝတ်ဆင်ခြင်းကလည်း သက်လတ်ပိုင်းအမျိုးသမီးတွေကြားမှာနာမည်ကြီးပါတယ်။ ဝတ်ဆင်သူကိုငယ်ရွယ်သွားပုံပေါ်စေသလို တစ်ဖက်ကလည်းတည်ငြိမ်တဲ့ပေါ်စေတာကြောင့် မိန်းကလေးတွေကြားမှာနာမည်ကြီးတဲ့ ဖက်ရှင်တွဲစပ်မှုဖြစ်ပါတယ်။