ရေပန်းစားလာတဲ့ Vest ဒီဇိုင်းအင်္ကျီများ

//s9.kh1.co/22/221b95324d588442ab54bfb0b40d34f49203a6f6.jpg
ကျန်းမာရေးနှင့် အလှအပရေးရာ

 ၁၄-မတ်-၂၀၂၄ ၂pm · လွန်ခဲ့သော တစ်နှစ် က

ရေပန်းစားလာတဲ့ Vest ဒီဇိုင်းအင်္ကျီများ

https://s9.kh1.co/__image/w=564,h=751,q=100/6b/6b3c555c069ec37f835d87001b86c85c42cf85be.jpg

‌Vest တွေကိုများသောအားဖြင့် အင်္ကျီအပေါ်ကနေခံဝတ်ကြလေ့ရှိပေမဲ့ အခုနောက်ပိုင်းမှာတော့ မခံတော့ဘဲ သီးသန့်ဝတ်လာတာမျိုးလည်းရှိပါတယ်။ ဒီလိုမခံထားတဲ့ တွေဟာ နောက်ပိုင်းမှာပိုပြီးစတိုင်ကျတယ်လို့မြင်လာကြတဲ့အတွက် ဝတ်ဆင်တဲ့သူလည်းပိုများလာပါတယ်။ 

https://s9.kh1.co/__image/w=650,h=650,q=100/e0/e09a1e1dda6523c8fdce4ae158d7c4d8e7d16985.jpg

ကြယ်သီးနှစ်တန်းပါတဲ့ Vest တွေဟာလည်း ဟိုးရှေးခေတ်ဖက်ရှင်လောကမှာကတည်းက နာမည်ကြီးခဲ့တဲ့ဒီဇိုင်းတွေပဲဖြစ်ပါတယ်။ အခုနောက်ပိုင်းမှာ ဒီလိုပုံစံတွေကို ပြန်လည်ဆန်းသစ်ပြီးတော့ ပုံစံအမျိုးမျိုးနှင့်ဖန်တီးလာကြပါတယ်။ 

https://s9.kh1.co/__image/w=564,h=733,q=100/33/33e18ef599f0a457acc841ca6795ef8902bc7280.jpg

ကျော့ရှင်းတဲ့ခံစားချက်ကိုပေးနိုင်တဲ့ ဒီလိုပုံစံကလည်း အခုနောက်ပိုင်းယူနီဖောင်းတွေမှာပိုပိုအသုံးပြုလာကြတဲ့အပြင် ဖက်ရှင်ထရန်းတစ်ခုအနေနှင့်ပါဝတ်ဆင်လာကြပါတယ်။ ဒီလိုပုံစံမျိုးကို အထဲကနေတီရှပ်ခံတတ်တာဒါမှမဟုတ် ဒီအတိုင်းဝတ်တာနှစ်မျိုးလုံးနဲ့ ဝတ်ဆင်နိုင်ပြီးတော့ မိန်းမဆန်တဲ့အသွင်အပြင်ကိုဖြစ်စေတာကြောင့် သက်လတ်ပိုင်းအမျိုးသမီးတွေကြားမှာလူကြိုက်များပါတယ်။ 

https://s9.kh1.co/__image/w=564,h=862,q=100/1a/1ae73ea2401b3fa9f1c2ffe6f5621859b554a7a6.jpg

ဒီလိုပုံစံတွေကိုတော့ ထသွားထလာဖက်ရှင်အတွက်ဝတ်ဆင်ကြလေ့မရှိဘဲ အရေးကြီးအခမ်းအနားနှင့်ပွဲတော်တွေမှာပဲဝတ်တတ်ကြပါတယ်။ ဒီဇိုင်းဟာ တော်ဝင်မိသားစုဝင်တွေဝတ်ဆင်သလိုခံစားချက်ကိုပေးစွမ်းနိုင်တဲ့အပြင် အတော်လေးကျက်သရေရှိတယ်လို့ခံစားရစေပါတယ်။ 

https://s9.kh1.co/__image/w=563,h=788,q=100/63/638a5dce7c4c5e9b5b567978823e2a3c7a754094.jpg

ဒီလိုပုံစံတွေကတော့ နဂို Vest ပုံစံကိုလုံးဝပြောင်းလဲပြီးဆန်းသစ်တီထွင်ထားတဲ့ဒီဇိုင်းဖြစ်ပါတယ်။ ခေတ်ဆန်ပြီးတော့ လူငယ်တွေအကြိုက်ကိုလိုက်ပြီးဖန်တီးထားတဲ့ဒီဒီဇိုင်းဟာ မကြာသေးခင်ကမှ ဆိုရှယ်မီဒီယာတွေပေါ်မှာရေပန်းစားသွားခဲ့တာဖြစ်ပါတယ်။ 

Mary
Mery

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T