ပုခုံးနားလေးမှာ တက်တူးထိုးချင်တဲ့မိန်းကလေးတွေအတွက် ချစ်စရာကောင်းတဲ့ဒီဇိုင်းလေးများ

//s9.kh1.co/44/449c102a4223fc20e4c97a9f1de910daf5215c00.jpg
ကျန်းမာရေးနှင့် အလှအပရေးရာ

 ၁၄-မတ်-၂၀၂၄ ၁pm · လွန်ခဲ့သော တစ်နှစ် က

ပုခုံးနားလေးမှာ တက်တူးထိုးချင်တဲ့မိန်းကလေးတွေအတွက် ချစ်စရာကောင်းတဲ့ဒီဇိုင်းလေးများ

https://s9.kh1.co/__image/w=564,h=584,q=100/39/3971455d1b664179eb863ba70961438a56c39d6c.jpg

နှင်းဆီအနီရောင်လိုမျိုးအရောင်ပါတဲ့တက်တူးလေးတွေဟာ အသားအရေဝင်းပြီး လှတဲ့ကောင်မလေးတွေအတွက် လုံးဝရွေးချယ်သင့်တဲ့ဒီဇိုင်းလေးတွေပါ။ လည်တိုင်အလှကိုတစ်ဆင့်တိုးစေတဲ့အပြင် ဝတ်စုံတွေဝတ်ရင် ထင်းပြီးလှနေနိုင်ပါတယ်။ 

https://s9.kh1.co/__image/w=564,h=559,q=100/fd/fdf39b14af784becee9d20809e20b7520b4a5bd8.jpg

တက်တူးတော့ထိုးချင်ပေမဲ့ ထင်းနေတာမကြိုက်ဘူးဆိုတဲ့မိန်းကလေးတွေအတွက် အဖြူအမည်းမဟုတ်ပေမဲ့ အရောင်ငြိမ်တဲ့ ဒီလိုပုံစ့မျိုးလေးရွေးချယ်ထိုးနိုင်ပါတယ်။ ပန်းပွင့်ဆိုတာမျိုးထက်ပိုပြီးတည်ငြိမ်ပုံပေါ်တဲ့ ဒီလိုအကိုင်းလေးတွေပုံကိုရွေးသင့်ပါတယ်။ 

https://s9.kh1.co/__image/w=564,h=564,q=100/36/36772eb1abb1df35bd20fec7ec962a555dfadbe1.jpg

လိပ်ပြာလေးတွေကလည်း တက်တူးကိုသဘောကျရင်ထည့်သွင်းစဥ်းစားသင့်တဲ့ပုံလေးတွေပါ။ အခုနောက်ပိုင်းမှာဆိုရင် လိပ်ပြာပုံလေးတွေကိုအရောင်ဖြည့်ပြီး 3D ပုံစံလိုမျိုးဖြစ်အောင်ပါ ရေးဆွဲလာကြပါတယ်။ 

https://s9.kh1.co/__image/w=564,h=478,q=100/2a/2a84731e1a26d3ea2e6a5e2b54a8e9cf38153b42.jpg

မိန်းကလေးတောာ်တော်များများသဘောကျနိုင်လောက်တဲ့ ပုံလေးဖြစ်ပါတယ်။ ချယ်ရီပန်းလိုမျိုးပန်းပွင့်လေးတွေဟာ တက်တူးကိုမလိုတဲ့အချိန် မိတ်ကပ်နှင့်အလွယ်တကူဖုံးလို့ရတဲ့အပြင် တော်တော်လေးလှတာကြောင့် စဥ်းစားကြည့်သင့်တဲ့ဒီဇိုင်းဖြစ်ပါတယ်။ 

https://s9.kh1.co/__image/w=564,h=436,q=100/5e/5ef424e61412ef26dffa1e01372cdb58e2a0cc1a.jpg

ဒီလိုအရောင်မပါတဲ့ ပုံလေးတွေကိုအကြီးကြီးမဟုတ်ဘဲ ပုခုံးနားတစ်လျှောက်မှာထိုးတာကလည်း အတော်လေးမိုက်ပြီးကြိုးစားကြည့်သင့်တဲ့ပုံစံဖြစ်ပါတယ်။ ရင်ပြတ်ဝတ်စုံတွေဝတ်ဆင်ရင် ပုခုံးနှင့်လည်ပင်းကိုအများကြီးလှနေအောင်ကူညီပေးနိုင်မယ်လို့ ထင်ရတဲ့ဒီဇိုင်းဖြစ်ပါတယ်။

https://s9.kh1.co/__image/w=564,h=564,q=100/fa/fad8ff5eb73313c55594e8dd860adcf6775bd23c.jpg

ပုံသေးသေးလေးတွေကိုအများကြီးစုပြီး အရောင်ပါပါတဲ့ဒီလိုတက်တူးဒီဇိုင်းတွေကလည်း မိန်းကလေးအများစုသဘောကျနိုင်လောက်တဲ့ဒီဇိုင်းဖြစ်ပါတယ်။ ဒီလိုဒီဇိုင်းဟာကလေးဆန်တဲ့ပုံပေါ်ပေမဲ့ Chic ဖြစ်ပြီးတော့ အတော်လေးမိုက်တဲ့ဒီဇိုင်းပါ။ 

Mary
Mery

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T