ဆံပင်တိုကြိုက်တဲ့ကောင်မလေးတွေအတွက် ရွေးချယ်စရာဒီဇိုင်းခြောက်မျိုး

//s9.kh1.co/ac/ac3731ecd94889d9415e1e40c50164206cfaadbc.jpg
ကျန်းမာရေးနှင့် အလှအပရေးရာ

 ၁၃-မတ်-၂၀၂၄ ၃pm · လွန်ခဲ့သော ၂ နှစ် က

ဆံပင်တိုကြိုက်တဲ့ကောင်မလေးတွေအတွက် ရွေးချယ်စရာဒီဇိုင်းခြောက်မျိုး

https://s9.kh1.co/__image/w=650,h=811,q=100/76/7604fcbd82a4ca98bece5b450c36def3999ba686.jpg

ဆံပင်အတိုကို အောက်ပိုင်းနားလေးလှိုင်းတွန့်လိုမျိုးပုံဖော်ထားတဲ့ ပုံစံဟာ မျက်နှာကျကိုပိုထင်းစေသလို ဆံပင်ကိုလည်းပိုပြီးထူသွားစေတာကြောင့် ဆံပင်ပါးတဲ့မိန်းကလေးတွေကြိုးစားကြည့်သင့်တဲ့စတိုင်ဖြစ်ပါတယ်။ 

https://s9.kh1.co/__image/w=564,h=809,q=100/da/daacfd0c5e8f28de1f057fa737a7948a6725bb55.jpg

ဆံပင်ကိုအဖြောင့်အတိုင်းပေမဲ့ အောက်ပိုင်းနားတစ်ဝိုက်ကိုမသိမသာအကောက်သေးသေးလေးတွေလုပ်ထားတာကလည်း မပြုပြင်ဘဲလှနေတဲ့ဒီဇိုင်းလိုမျိုးပုံပေါ်စေပါတယ်။ 

https://s9.kh1.co/__image/w=564,h=752,q=100/d4/d464459f302ca184f325b860d2bdee88e8494dfb.jpg

ဆံပင်အဖျားနှင့်အလည်ပိုင်းကိုလုံးဝကောက်ထားတဲ့ဒီပုံစံကလည်း  ဆံပင်အတိုဆိုပေမဲ့ လည်ပင်းကျော်တဲ့ဆံပင်လောက်မှပဲအဆင်ပြေမှာဖြစ်ပါတယ်။ ဒီလိုအကောက်တွေဟာထိန်းသိမ်းရခက်တတ်ပေမဲ့ Chic  ဖြစ်ပြီးတော့ အတော်လေးကြည့်ကောင်းပါတယ်။ 

https://s9.kh1.co/__image/w=563,h=561,q=100/0f/0fc6a2a8138b80d21763d56652a139207bf7bd21.jpg

ဆံပင်အရင်းကနေပြီးတော့ ကောက်ထားတဲ့ဒီလိုဆံပင်စတိုင်ဟာလည်း ရှုပ်သယောင်ဖြစ်ပေမဲ့ မျက်နှာကျကိုသေချာပေါ်စေပြီးတော့ တော်တော်လေးခေတ်ဆန်တဲ့အသွင်အပြင်ကိုပုံပေါ်စေပါတယ်။ 

https://s9.kh1.co/__image/w=650,h=719,q=100/e1/e1785281c38543ad4ea272e8579e9b5be6163e95.jpg

ဆံပင်အတိုကို အဖြောင့်ပေမဲ့ရှေ့ပိုင်းလေးတွေကို မသိမသာအကောက်ပုံသွင်းထားတဲ့ ဒီလိုဆံပင်ကေဟာလည်း မိန်းမဆန်ပြီး မိန်းကလေးအများစုသဘောကျကြတဲ့စတိုင်ဖြစ်ပါတယ်။ အထူးသဖြင့် ဒီလိုဆံပင်စတိုင်ဟာ မိန်းကလေးဆန်တဲ့ဂါဝန်လေးတွေနဲ့အတော်လေးလိုက်ဖက်ပါတယ်။ 

https://s9.kh1.co/__image/w=564,h=638,q=100/2b/2bced344c889bdc45c31434103d7a11007c84209.jpg

Classic ဆန်တဲ့အသွင်အပြင်ကိုဖြစ်စေပြီးတော့ မိန်းကလေးတိုင်းသဘောကျလောက်မယ့် ဒီဆံပင်အတိုပုံစံလေးကလည်း ဆံပင်အတိုထားမယ်ဆိုရင်ရွေးချယ်သင့်တဲ့ပုံစံဖြစ်ပါတယ်။ 

Mary
Mery

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T