ဂျင်းနီဟာ တစ်ကိုယ်တော်ကုမ္မဏီတည်ထောင်ပြီးနောက်ပိုင်းမှာ သူ့ရဲ့တစ်ကိုယ်တော်အလုပ်တွေကိုပိုပြီးလုပ်လာခဲ့ပါတယ်။ ရသစုံရှိုးတွေအပါအဝင် တစ်ကိုယ်တော်သီချင်းထုတ်တာတွေအထိပါ လုပ်လာတဲ့ ဂျင်းနီဟာ ရသစုံရှိုးအသစ်တစ်ခုမှာ ပါဝင်သွားမှာဖြစ်ကြောင်း ကြေညာခဲ့ပါတယ်။

'My Name is Gabriel လို့ခေါ်တဲ့ ပီဒီ ကင်ထယ်ဟို စီစဥ်တဲ့ရှိုးမှာ ဂျင်းနီပါဝင်သွားမယ့်အကြောင်းကို ကုမ္မဏီဖက်ကနေပြီးအတည်ပြုပေးခဲ့ပါတယ်။ ဒီရှိုးဟာအနုပညာရှင်တွေ နိုင်ငံအနှံ့ကိုသွားပြီး သာမာန်လူတွေရဲ့ဘဝကိုခံစားသွားကြမယ့်အစီအစဥ်ဖြစ်ပါတယ်။

အစီအစဥ်မှာ ပါဝင်သွားမယ့်သူတွေကတော့ မင်းသား ဂျီချန်းဝု နာမည်ကြီးလူရွှင်တော် ပတ်မြောင်ဆိုး ဟွန်ဂျင်ဂယောင်း ယွန်ဟေးရန်တို့ပဲဖြစ်ပါတယ်။ နာမည်ကြီးတွေပါနေတာကြောင့် ပရိတ်သတ်တွေက ဒီရှိုးကိုအတော်လေးမျှော်လင့်နေကြပြီး ဂျင်းနီနှင့်တစ်ခြားအဖွဲ့ဝင်တွေကြားကဆက်ဆံရေးတွေကိုလည်း မျှော်လင့်နေကြပါတယ်။






