
၉၀ နှစ်တွေတုန်းက နာမည်ကြီးခဲ့တဲ့ဖက်ရှင်တွေကို နမူနာယူပြီးပြန်လည်ဆန်းသစ်ထားတဲ့ ဒီဖက်ရှင်ကလည်းဖက်ရှင်စိတ်ဝင်စားတဲ့သူတွေအတွက် အတော်လေးစိတ်ဝင်စားစရာကောင်းပြီး သဘောကျစရာကောင်းတဲ့ဖက်ရှင်ဖြစ်နေမှာဖြစ်ပါတယ်။

သားမွေးကုတ်တွေနှင့်အသားကပ်ဘောင်းဘီကို ပေါင်းစပ်ထားတဲ့ဒီဖက်ရှင်ကလည်း မြင်လိုက်တာနှင့်အတော်လေးထင်းနေပြီးတော့ ထူးခြားတဲ့ဖက်ရှင်ဖြစ်ပါတယ်။

၈၀ ပြည့်နှစ်ဝန်းကျင်တွေတုန်းက ခေတ်စားခဲ့တဲ့အပွင့်ရိုက်အထည်တွေကိုပေါင်းစပ်ပြီး ထွင်ထားတဲ့ ဒီလိုဖက်ရှင်တွေဟာလည်း တော်တော်လေး မျက်စိကျစရာပုံစံဖြစ်ပြီးတော့ ထူးခြားတဲ့ဖက်ရှင်ပါ။

နောက်ပိုင်းရေပန်းစားလာတဲ့ ချည်ထိုးအဝတ်တွေကို သာမာန်နှင့်မတူဘဲ တစ်မျိုးထွင်ပြီးဆန်းသစ်ထားတဲ့ ဒီဖက်ရှင်ဟာလည်း ပုံစံဆန်းကြယ်နေသလို အတော်လေးလှတဲ့ဖက်ရှင်ဖြစ်ပါတယ်။

ဇာအကြပ်အင်္ကျီနှင့် ဂျင်းတွေကိုတွဲဖက်ဝတ်ပြီး အပေါ်ကနေလည်သာဂျက်ကတ်ခြုံထားတဲ့ ဒီဖက်ရှင်ဟာလည်းပဲ မတူညီတဲ့ပေါင်းစပ်မှုတွေနှင့် အတော်လေးထူးခြားပြီး ဖက်ရှင်ကိုသဘောကျတဲ့သူတွေမျက်စိကျတဲ့ဖက်ရှင်ဖြစ်ပါတယ်။

ငွေရောင်အထည်တွေကလည်း ခေတ်နောက်ကျနေသယောင်ဖြစ်ပေမဲ့ သေချာ Styling လုပ်ထားတဲ့ဖက်ရှင်မှာတော့ အမြင်ဆန်းပြီးထူးခြားတဲ့ဖက်ရှင်တစ်ခုလိုမျိုးဖြစ်နေပါတယ်။