ကမ္ဘာတစ်ဝှမ်းရှိရေချိုနေရာအများစုမှာတွေ့ရတဲ့ Water bugများဟာ ကြီးမားတဲ့အညိုရောင်ခန္ဓာကိုယ်ကိုပိုင်ဆိုင် ထားကြပါတယ်။ ရေအောက်နေရာအများစုမှာပုန်းအောင်နေကာသားကောင်ကို ချောင်းမြောင်းဖမ်းဆီးတတ်တဲ့ ကြမ်းတမ်းကြီးမားတဲ့ရေနေပိုးကောင်များဆိုလည်းမမှားပါဘူး။ ထိုရေနေပိုးကောင်များမှာ လူအများသတိ မထားမိတဲ့ မျိုးပွားမှုစနစ်ကိုလည်းပိုင်ဆိုင်ထားကြပါသေးတယ်

အထီးအမ မိတ်လိုက်ရာသီပြီးချိန်မှာအမများဟာအထီးများရဲ့ ကျောကုန်း ပေါ်မှာဥများဥချခဲ့ပြီးအထီးဟာဥမှ သားကောင်များမပေါက်မချင်းဥများကိုနောက်ကျောမှာသယ်ဆောင်ကာစောင့်ရှောက်ကြရပါတယ်။အခြားမျိုး စိတ်မျာနဲ့မတူဘဲငယ်ရွယ်စဉ်မှာမိခင်စောင့်ရှောက်မှုမရှိဘဲဖခင်ရဲ့စောင့်ရှောက်မှုဖြင့်သာကြီးပြင်းကြရတဲ့သတ္တဝါတွေဆိုလည်းမမှားပါဘူး။ရေချိုကန်များ၊ရေစီးဆင်မှုနှေးကွေးတဲ့ရေကန်များ၊ချောင်းများမှာနေထိုင်လေ့ရှိကာရေနေအပင်တို့ရဲ့အရွက်များမှာပုံကွယ်ကာနေတတ်ကြပြီး ဖားလောင်းများ၊ ငါးငယ်များကို ဖမ်းယူစားသောက်တတ် ကြပါတယ်

ရေပိုးကောင်များရဲ့ခန္ဓာကိုယ်ဟာအဆိပ်အနည်းငယ်ရှိပြီး သားကောင်များရဲ့တစ်ရှူးများကို ဖြိုခွဲပြစ်တတ်ကြ တယ်လို့သိရပါ တယ်။ သို့ပေမယ့်၎င်းတို့ရဲ့အဆိပ်ဟာမည်သို့သော အဆိပ်ဖြစ်သည်ကိုတော့ ပညာရှင်တို့ အတိ အကျမသိရသေး ကြောင်းမှတ်ချက်ပြုခဲ့ကြပါတယ်။အခြားသတ္တဝါများကဲ့သို့ အဆုပ်များမပါရှိသော်လည်း Tracheae ဟုခေါ်တဲ့လေပြွန်များနဲ့ ချိတ်ဆက်သော ခန္ဓာကိုယ်နံရံရှိအပေါက်ငယ်များမှ အောက်ဆီဂျင်ကို စုပ်ယူ ကြပါတယ်။ ဝမ်းဗိုက ရဲ့အစွန်းမှာလည်းထူးခြား တဲ့အင်္ဂါတစ်ခုပါရှိကာရေမျက်နှာပြင်အထက်မှ အောက်ဆီဂျင် ကို စုပ်ယူကာသိမ်းဆည်းထားနိုင်ကြပါတယ်





