ဩစတေးလျမျိုးရင်းဖြစ်တဲ့ Stick insect (တုတ်ချောင်းပိုး)များကိုဩစတေးလျမိုးသစ်တောများနဲ့ အပူပိုင်းနေရာ အများအပြားမှာတွေ့ရပါတယ်။ အထူးသဖြင့် ဗစ်တိုးတီးယားအရှေ့ပိုင်းနဲ့ဩစတေးလျတောင်ပိုင်းဒေသများမှာ များစွာတွေ့ရပြီးလမ်းလျောက်တဲ့တုတ်ချောင်းများ(သို့) ဆူးပါတဲ့သစ်ရွက်ပိုးများဟုလူသိများထင်ရှားပါတယ်။ ကမ္ဘာပေါ်မှာအင်းဆက်ပိုးပေါင်းများစွာရှိသည့်အနက် တ်ချောင်းပိုးကောင်များမှာ အထူးခြားဆုံးဖြစ်ကြောင်း လူအများလက်ခံထားကြပါတယ်

အမများဟာအထီးများထက်အရွယ်အစားကြီးမားကာခန္ဓာကိုယ်ကိုကာကွယ်ရန်နဲ့ဖုံးကွယ် ရန်အတွက်ဆူးနဲ့ တူတဲ့အချွန်များဝန်းရံထားပါတယ်။အင်းစက်အထီးများဟာတော့ ၎င်းတို့မျက်နှာတစ်ဝိုက်ရှိ ဆူး များမှလွဲပြီး ဆူးတောင်တို့ရဲ့ကြီးထွားမှုမရှိပါဘူး။ အထီအမနှစ်မျိုးစလုံးမှာအန္တရာယ်နဲ့ကြုံတွေ့ပါက ခုခံမှုပုံစံတူညီကြပြီး အန္တရာယ်တစ်စုံတစ်ရာကြုံတွေ့ရပါက ရှေ့နဲ့အလယ်ခြေထောက်များကိုအသုံးပြုကြကာ ကင်းမြီးကောက် ပုံစံဖြင့်လည်ကောင်း၊အသေကောင်ဟန်ဆောင်ကာပုတ်ဆော်နံသောအရည်များထုတ်၍သော်လည်းကောင်း မျိုးစိတ်အလိုက်လည်ခြိမ်းခြောက်တတ်ကြပါတယ်

တုတ်ချောင်းအင်းဆက်အမများဟာအသက် တစ်နှစ်ခွဲမျှအသက်ရှင်ကြသော်လည်း အထီများမှာ ၆ လမှ ၈ လ အထိသာအသက်ရှင်နိုင်ကြပါတယ်။အဆိုပါအင်းဆက်မျိုးစိတ်များဟာ၎င်းတို့နေထိုင်ရာအကိုင်းအခက်များနဲ့တူညီသောအသွင်ကိုပိုင်ဆိုင်ကြပြီး ပညာရှင်များကမူ ‘ကမ္ဘာပေါ်ရှိအထိရောက်ဆုံးသာဝအသွင်အပြင်များထဲမှ တစ်ခု’အဖြစ်သတ်မှတ်ထားကြပါတယ်။ပညာရှင်တို့ရဲ့လေ့လာတွေ့ရှိချက်များအရ ကမ္ဘာပေါ်မှာတုတ်ချောင်း အင်းဆက်မျိုးစိတ်ပေါင်း ၃၀၀၀ ကျော်ရှိပြီးအချို့မျိုးစိတ်များမှာ ၂၁ လက်မကျော်ရှည်လျားကာ ကမ္ဘာအရှည် ဆုံးအင်းဆက်မျိုးစိတ်များတွင်ပါဝင်နေကြောင်းလည်းသိရပါတယ်
