Golden lion tamarin လို့ခေါ်တဲ့ Golden marmoset တွေဟာ Brazil နိုင်ငံ Atlantic ကန်းရိုးတန်းဒေသ နဲ့ Rio de Janeiro.တောင်ပိုင်းမိုးသစ်တောတွေမှာ
တွေ့ရ တဲ့ မျောက်အမျိုးအစားတွေပဲဖြစ် ပါတယ်။ ပုံမှန်ထက်ပိုတောက်ပတဲ့ လိမ္မော်ရောင်
အမွှေးတွေကိုပိုင်ဆိုင်ထားပြီး တစ်နေ့ ၁၂ နာရီနီးပါး လှုပ်ရှားနိုင်ကြပါတယ်။ Golden
lion tamarin တွေဟာ အထီးနဲ့ အမအရွယ်အစားကတော့ အများစွာကွာခြားမှု
မရှိပါဘူး။

လိမ္မော်ရောင်အမွှေးနဲ့မျောက်တွေဟာ အစုံစားသတ္တဝါတွေပဲဖြစ်ပါတယ်။ ပန်းများ၊ အသီးအနှံ နဲ့ ပန်းဝတ်ရည်များကိုသာမက ဖားများ၊ ပိုးကောင်များ အပြင် အိမ်မြှောင်များကိုလည်းစားသုံးကြပါတယ်။ ဒါပေ့မယ့် Golden lion tamarin တွေဟာ သိမ်းငှက်၊ လင်းယုန်၊ မြွေ ၊ တောကြောင် တွေရဲ့တစ်ဖန်ပြန်လည် အမဲလိုက်ခြင်းကိုလည်း ခံရပါတယ်။

၂၀၁၆ -၂၀၁၈ ခုနှစ်တွင်ဖြစ်ပွားခဲ့သော Yellow fever ကပ်ရောဂါ ဒဏ်ကိုခံစားခဲ့ရပြီး အရေအတွက်မှာ ၃၂ % အထိလျော့ကျခဲ့ပါတယ်။ Yellow fever ကပ်ရောဂါကိုကာကွယ်နိုင်ရန်အတွက် Brazil သိပ္ပံပညာရှင်များ က ကာကွယ်ဆေးဖော်စပ်ကာ ၂၀၂၁ မှ စတင်၍ ၂၀၂၃ ဖေဖော်ဝါရီလ အထိ Golden lion tamarin အရေအတွက် ၃၀၀ကျော်ကိုကိုကာကွယ်ဆေးများထိုးပေးနိုင်ခဲ့ပါတယ်။
သဘာဝမှာ ၁၀နှစ်မှ ၁၅ နှစ်အထိရှင်သန်နိုင်သော်လည်း စနစ်တကျ မွေးမြူထားပါက နှစ်၂၀ကျော်ထိ အသက်ရှင်နိုင်ကြပါတယ်။ Golden lion tamarin တွေဟာ အသက် ၁နှစ်ခွဲကျော်မှာ ကိုယ်ဝန်စတင်ဆောင် နိုင်ကာ များသောအားဖြင့် အမွှာမွေးလေ့ရှိ တာကလဲ သူတို့ရဲ့ထူးခြားချက်ပဲဖြစ်ပါတယ်။




