Palicourea elata လို့ခေါ်တဲ့ပန်းမျိုးစိတ်တွေဟာ မက္ကဆီကို၊ ကော်စတာရီကာ၊ အီကွေဒေါ ဒေသတို့မှစကာ တောင်အမေရိကရှိမိုးသစ်တောများအထိပေါက်ရောက်ပါတယ်။ Psychotria elata နဲ့ Girlfriend kiss လို့လူသိများတဲ့ပန်းဟာ ထူးခြားသောအသွင်နဲ့လှပနေပြီး အလွန်ထိခိုက်လွယ်တဲ့ အပင်အမျိုးအစားတွေဖြစ်ကြပါတယ်။အသီးရဲ့ဘေးနှစ်ဖက်မှာ တောက်ပတဲ့အနီရောင်ပန်းပွင့်ပုံစံ အရွက်အကြီးနှစ်ရွက်ကို ပိုင်ဆိုင်ထားသောကြောင့် ဒီပန်းပွင့်တွေကို Hot Lips ဟုလည်းလူသိများထင်ရှားပါတယ်

Palicourea elataဟာအမြင့် ၃ပေ မှ ၉ပေကျော် အထိကြီးထွားကြပြီး ၁၃ပေ ကျော်အထိမြင့်သော အပင်များကိုလည်းတွေ့ရတတ်ပါတယ်။ ပန်းပွင့်ချိန်ဟာ December မှ March လ အထိဖြစ်ပြီး လှပတဲ့ဒီGirlfriend kiss များမှာရနံ့တော့မရှိပါဘူး။ ဒါ့ကြောင့်ဝတ်မှုန်ကူးရန်အတွက် ပန်းပွင့်ရဲ့ အရောင်ကို အသုံးပြ၍သာဝတ်ရည်စုပ် သတ္တဝါတွေကိုဆွဲဆောင်လေ့ရှိကြပါတယ်

Palicourea elataဟာ ထူးခြားသောအသွင်နဲ့လှပနေသည်မျှမက ဆေးဖက်ဝင်အပင်အမျိုးအစားဖြစ်သောကြောင့်ပင်လူတွေရဲ့ပစ်မှတ်တစ်ခုဖြစ်လာခဲ့ရပါတယ်။ထို့အပြင် Girlfriend kissတွေဟာ၎င်းတို့ရဲ့အသွင်ကြောင့် Valentine’s Day အတွက်လက်ဆောင်အဖြစ်ပင်တွင်ကျယ်စွာအသုံးပြုနေကြပါတယ်။ ထိုကဲ့သို့လှပပြီးများစွာသောအကျိုးကျေးဇူးများရှိနေခြင်းကြောင့် လူတွေရဲ့အာရုံစိုက်မှုမြင့်မားလာသည်နဲ့အမျှ IUCN ရဲ့ ဖော်ပြချက်မှာလဲ Palicourea elata မျိုးစိတ်တစ်စုလုံးရဲ့ ဆယ်ပုံတစ်ပုံခန့်မှာ မျိုးသုဉ်နိုင် မှုအန္တရာယ်နှင့်ကြုံတွေ့နေရကြောင်းဖော်ပြထားပါတယ်





