ချီလီနိုင်ငံရှိ Atacama သဲကန္တာရကြီးဟာအဝါရောင်သဲများနဲ့လှပနေပြီးကမ္ဘာ့အခြောက်အသွေ့ဆုံး သဲကန္တာရကြီးအဖြစ်ထင်ရှားပါတယ်။ပထဝီဝင်အနေအထားအရ ခြောက်သွေ့တဲ့ဒီကန္တာရကြီးဟာစတုရန်းမိုင်ပေါင်း ၄၀၄၄၁ စတုရန်းမိုင်ကျော်ကျယ်ဝန်းပါတယ်။ အများစုမှာဆားအင်တုံးများ၊ချော်ရည်များဖြင့်ဖွဲ့စည်းထားပြီး ဒေသအတွင်းမိုးရေချိန်မှာတစ်နှစ်လျှင် ၁ မီလီလီတာမျှသာရရှိကြောင်းသိရပါတယ်

ရာသီဥတုဟာအရမ်းခြောက်သွေ့သောရာသီဥတုကိုပိုင်ဆိုင်ထားသောကြောင့် ကန္တာရအတွင်းရှိမီတာ ၆၅၀၀ ကျော်မြင့်သောတောင်ထိပ်များမှာပင် ရေခဲမြစ်များမရှိကြောင်းကိုလည်းသိရပါတယ်။ကမ္ဘာပေါ်တွင်ရှေးအကျဆုံးသဲကန္တာရကြီးတစ်ခုအဖြစ်လည်းသတ်မှတ်ထားသော Atacama ဟာရှေးယခင်အချိန်များက သစ်တောနယ်မြေတစ်ခုဖြစ်ခဲ့သော်လည်း ၁၈ ရာစုနဲ့ ၁၉ ရာစုအချိန်များက ငွေ နဲ့ ယမ်းစိမ်းတူးဖော်မှုများကြောင့် သစ်တောများပြုန်းတီးခဲ့ရကြောင်းသိရပါတယ်။ သစ်တောများပြုန်းတီးခြင်းမှ ထူးခြားသောရာသီဥတုပြောင်းလဲခြင်းတို့ဟာ Atacama ကိုသီးခြားကမ္ဘာတစ်ခုအသွင်ပြောင်းလဲလာစေပါတယ်

၎င်းရဲ့ပတ်ဝန်းကျင်ဟာ အင်္ဂါဂြိုဟ်ပတ်ဝန်းကျင်နဲ့ဆင်တူသောကြောင့် အင်္ဂါဂြိုဟ်လေ့လာရေးခရီးအတွက် စမ်းသပ်ရေးနေရာအဖြစ်အသုံးပြုထားကြောင်းလည်းသိရပါတယ်။အဆိုပါ Atacama ကို ၂၀၂၃ ခုနှစ်ဒီဇင်ဘာလမှာတော့သိပ္ပံပညာရှင်များမှ ရှေးခေတ်ကမ္ဘာမြေပေါ်မှ ပထမဆုံးသက်ရှိများနဲ့ဆက်စပ်ကာ အင်္ဂါဂြိုဟ်နဲ့ဆင်တူ သည့်ပတ်ဝန်းကျင်တစ်ခုအဖြစ်အဆိုပြုတင်ပြခဲ့ခြင်းခံခဲ့ရပါတယ်
