Hwasa ဟာ တောင်ကိုးရီးယားရဲ့နာမည်ကြီးမိန်းကလေးအိုင်ဒေါအဖွဲ့ ဖြစ်တဲ့ MaMaMoo ရဲ့အဖွဲ့ဝင်တစ်ယောက်ဖြစ်ပါတယ်။ မျက်ရစ်မပါတာ အသားမဖြူတာ တစ်ခြားအိုင်ဒေါတွေလိုမျိုး သွယ်သွယ်လျလျလေးမဖြစ်တာ စတဲ့အကြောင်းတွေကြောင့် Hwasa ဟာပွဲဦးထွက်တုန်းကအတော်လေးဝေဖန်ခံခဲ့ရပါတယ်။
ဒါပေမဲ့ Hwasa ကတော့ သူ့ပုံစံအတိုင်းနေရင်း အောင်မြင်မှုတွေကို တစ်ဆင့်ပြီးတစ်ဆင့်သိမ်းပိုက်နေတာပါ။ Hwasa ဟာအရင်ကတည်းက Sexy ကျတဲ့ဝတ်စုံတွေ ဖျော်ဖြေမှုတွေကို မတုံ့မဆိုင်းချပြတတ်သူပါ။ မကြာသေးခင်က ပွဲကိုတက်ရောက်ခဲ့တဲ့ Hwasa ဟာ Sexy ကျတဲ့ See Through ဝတ်စုံဝတ်လာပြီးတော့ ဆိုရှယ်မီဒီယာမှာရေပန်းစားသွားခဲ့ပါတယ်။
ဝတ်စုံဟာ အနက်ရောင်ရင်ခံနှင့်အတွင်းဝတ်အပေါ်မှာ အနက်ရောင်ဇာစထပ်ချုပ်ထားတာကြောင့် Hwasa ရဲ့ကောက်ကြောင်းအလှကိုကောင်းကောင်းထင်ပေါ်စေပြီးတော့ ကျလွန်းနေတာပါ။ Fashion Week ကို Hwasa ဟာ Onitsuka Tigerဘရန်းကိုကိုယ်စားပြုပြီးတက်ရောက်ခဲ့တာဖြစ်ပါတယ်။