သူငယ်ချင်းဖြစ်သူတွေရဲ့ သီချင်းတွေကိုအကြိုက်ဆုံးအဖြစ်ရွေးခဲ့တဲ့ Astro အဖွဲ့ဝင် Cha Eun Woo

//s9.kh1.co/38/38a31d2bb473b6cbeee184fc22e701daebc92d6b.jpg
MPT Korea Celebrity

 ၂၁-ဖေ-၂၀၂၄ ၃pm · လွန်ခဲ့သော ၅ လ က

သူငယ်ချင်းဖြစ်သူတွေရဲ့ သီချင်းတွေကိုအကြိုက်ဆုံးအဖြစ်ရွေးခဲ့တဲ့ Astro အဖွဲ့ဝင် Cha Eun Woo

Cha Eun Woo ဟာမကြာသေးခင်က တစ်ကိုယ်တော်အယ်လ်ဘမ်နှင့် ပထမဆုံးအကြိမ်တစ်ကိုယ်တော်အဆိုတော်အဖြစ်ပွဲဦးထွက်ခဲ့ပါတယ်။ အယ်လ်ဘမ်ရဲ့ပရိုမိုးရှင်းအတွက် Spotify အစီအစဥ်ကိုသွားရင်း သူအကြိုက်ဆုံးသီချင်းသုံးပုဒ်ကိုရွေးချယ်ခဲ့တာပါ။

https://s9.kh1.co/__image/w=564,h=827,q=100/af/af1c7b997e0d65f82647eea3b4346526b5a7bcda.jpg

ပထမဆုံးတစ်ပုဒ်ကတော့ Viviz ရဲ့ Maniac  ပါ။  Viviz အဖွဲ့ဟာ G Friend အဖွဲ့ဝင်သုံးဦးပါဝင်တဲ့အဖွဲ့ဖြစ်ပြီးတော့ အဖွဲ့ဝင်တွေဟာ Cha Eun Woo နှင့်ရင်းနှီးတဲ့သူတွေဖြစ်ပါတယ်။ ဒုတိယတစ်ပုဒ်ကိုတော့ Seventeen ရဲ့  Super ကိုရွေးချယ်ခဲ့တာပါ။ Seventeen အဖွဲ့ဟာလည်း Cha Eun Woo နှင့်အများကြီးရင်းနှီးတဲ့အဖွဲ့ဖြစ်ပြီး Mingyu ဆိုရင် Cha Eun Woo နှင့်အတူတူလည်ပတ်သွားလာလေ့ရှိသူဖြစ်ပါတယ်။

https://s9.kh1.co/__image/w=564,h=376,q=100/eb/eb16fc991d39932a33b07ab438be567106be8e55.jpg

နောက်ဆုံးတစ်ပုဒ်ကိုလည်း Eun Woo ဟာ သူငယ်ချင်းဖြစ်တဲ့ Jungkook ရဲ့  3D သီချင်းကိုပဲရွေးချယ်ခဲ့တာပါ။ Eunwoo ဟာ သူအကြိုက်ဆုံးအဖြစ် သူငယ်ချင်းဖြစ်သူတွေရဲ့သီချင်းတွေကိုပဲ ရွေးချယ်ခဲ့တာကြောင့် ပရိတ်သတ်တွေကြားမှာ စံပြသူငယ်ချင်းကောင်းပဲဆိုပြီးနာမည်ကြီးနေတာဖြစ်ပါတယ်။ 

https://s9.kh1.co/__image/w=564,h=845,q=100/0e/0ec00c52836f251482c9fae9cd47652880188842.jpg
Mary
Mery

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T