ငွေရောင်သစ်ပင်များနဲ့လှပနေတဲ့ ငွေရောင်သစ်တောကြီး

//s9.kh1.co/4d/4d2350a9a8d2c3d8fee43b1780bd106d3119e9a5.jpg
MPT

 ၂၁-ဖေ-၂၀၂၄ ၁၂pm · လွန်ခဲ့သော ၅ လ က

ငွေရောင်သစ်ပင်များနဲ့လှပနေတဲ့ ငွေရောင်သစ်တောကြီး

Betula pendula သစ်ပင်များဟာ ဥရောပတိုက် နဲ့ အာရှတိုက်ရဲ့အစိတ်အပိုင်းတစ်ခုဖြစ်ကာ Betulaceae မျိုးစိတ်မှာရှိနေတဲ့အပင်မျိုးစိတ်တစ်ခုဖြစ်ပါတယ်။လက်ရှိအချိန်မှာကမ္ဘာ့နေရာအနှံ့အပြားအထိပျံ့နှံ့တွေ့ရှိရကာ အဖြူရောင် ဥရောပသစ်ပင်များ (သို့) weeping birch(ငိုကြွေးခြင်း)ဟုလည်းလူသိများထင်ရှားလာပါတယ်။ မြင့်မားသော အမြင့်ကိုပိုင်ဆိုင်ထားတဲ့အပင်မျိုးစိတ်များဖြစ်ကြပြီး ၎င်းရဲ့ထူးခြားသောအရောင်ကြောင့် လှပတဲ့အသွင်ကိုဖန်တီး ပေးထားပါတယ်

https://s9.kh1.co/__image/w=650,h=342,q=100/7d/7d7412b38c922825f4525eb3f3180551d0874d11.jpg

လှပတဲ့ငွေရောင်သစ်တောကြီးမှာရှိနေတဲ့ အပင်များဟာ Silver birchအမည်ဖြင့်ပါထင်ရှားပြီး အလတ်စား အရွယ်အစားရှိတဲ့အပင်မျိုးစိတ်တစ်ခုဖြစ်ကာ ၎င်းအပင်ရဲ့အဖြူရောင်သစ်ခေါက်မှထိုအမည်ကိုရရှိခဲ့ပါတယ်။ ထိုအဖြူရောင်သစ်ခေါက်များဟာ အလင်းကိုရောင်ပြန်ဟပ်စေပြီး ပြောင်းလဲမှုအနေဖြင့်ငွေဖြူရောင်သစ်တောကြီးအဖြစ်လူအများအကြားထင်ရှားလာစေပါတယ်။လှပတဲ့ဒီသစ်တောကြီးဟာ ငှက်များနဲ့တိရစ္ဆာန်မျိုးစိတ်အချို့အတွက်နေထိုင်ရာနေရာတစ်ခုဖြစ်ကာ အဆိုပါသစ်တောကြီးမှာတွေ့ရတဲ့သစ်ပင်မျိုးစိတ်များဟာအင်းဆက်ပိုးမွှားများစွာကိုလည်းထောက်ပံ့ပေးထားပါတယ်

https://s9.kh1.co/__image/w=650,h=342,q=100/72/72d9498d297d4d2fc3d738f078569959a39a2451.jpg

ထို့အပြင်လှပတဲ့ဒီသစ်ပင်ရဲ့အစိတ်အပိုင်းများဟာ တိုင်းရင်းဆေးပညာမှာ သုံးစွဲမှုများရှိနေပြီး အထူးသဖြင့် အခေါက်ဟာ ဆေးဖက်ဆိုင်ရာဂုဏ်သတ္တိများစွာရှိနေကြောင်းလည်းသိရပါတယ်။ သစ်တောကြီးဟာ အောက်ခြေမှာ မှိုများနဲ့အတူသဟဇာတပြုနေထိုင်ကြပြီးသစ်ပင်ကြီးများမလုပ်ဆောင်နိုင်သော အရွက်ဆွေးများကို မှိုများမှလုပ်ဆောင်ပေးပြီး မှိုမျာကိုလည်းအပင်များမှသကြားဓာတ်ကိုထောက်ပံ့ပေးထားပါတယ်

https://s9.kh1.co/__image/w=650,h=342,q=100/46/46d720737cff1ae16e945b5ad8a02630dc550243.jpg
Thant Zin Aung
Thant Zin

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T