Jinny's Kitchen Season 2 မှာ V အစားပါဝင်လာတဲ့ မင်းသမီး Go Min Si

//s9.kh1.co/eb/eb67397b9636e11848f3ce2f21e0e78b29144f2e.jpg
MPT Korea Celebrity

 ၂၁-ဖေ-၂၀၂၄ ၁၀am · လွန်ခဲ့သော ၅ လ က

Jinny's Kitchen Season 2 မှာ V အစားပါဝင်လာတဲ့ Go Min Si

Jinny's Kitchen Season 2 ဟာ တောင်ကိုးရီးယားအစားအစာတွေကို နိုင်ငံရပ်ခြားဒေသမှာ ဆိုင်ဖွင့်ပြီးရောင်းချတဲ့ရသစုံရှိုးတစ်ခုဖြစ်ပါတယ်။ ဒီရှိုးဟာ Season 1 တုန်းကအတော်လေးအောင်မြင်ခဲ့ပြီးတော့ BTS အဖွဲ့ဝင် V ပါဝင်ခဲ့တာကြောင့် အတော်လေးလူသိများခဲ့ပါတယ်။

https://s9.kh1.co/__image/w=564,h=564,q=100/a3/a3615a8a4d0a8acc540c66264483fc898623de93.jpg

Season 2 ရိုက်ကူးဖို့အတည်ပြုပြီးနောက်မှာ လက်ရှိစစ်မှုထမ်းနေတဲ့ V ရဲ့နေရာမှာ ဘယ်သူပါဝင်လာမလဲဆိုတာကိုပရိတ်သတ်တွေကသိချင်နေခဲ့ကြတာပါ။ အစောပိုင်းတုန်းက TVN ဖက်ကနေပြီးရိုက်ကူးမယ့်နေရာနှင့်ပါဝင်သူစာရင်းကိုအတည်မပြုပေးခဲ့ပေမဲ့ အခုအချိန်မှာတော့ ရိုက်ကူးရေးနေရာကို Iceland လို့အတည်ပြုပေးခဲ့ပါတယ်။

https://s9.kh1.co/__image/w=564,h=830,q=100/31/31384023f4f5475dde4fc1bafcdccc231b1f0fdf.jpg

ဒါ့အပြင် V ရဲ့နေရာမှာပါဝင်သွားမယ့်သူကတော့ တက်သစ်စမင်းသမီး Go Min Si ဖြစ်ပါတယ်။ Go Min Si ဟာ My Sassy Girl Drama ကနေပွဲဦးထွက်လာပြီးတော့ Youth of May  Jirisan Sweet Home The Witch အစရှိတဲ့နာမည်ကြီးဒရာမာဇာတ်လမ်းတွေမှာ တောက်လျှောက်ပါဝင်နေခဲ့တဲ့မင်းသမီးတစ်ယောက်ဖြစ်ပါတယ်။ မတူညီတဲ့ဇာတ်ကောင်မျိုးစုံကိုရဲရဲရင့်ရင့်စိန်ခေါ်ပြီးလုပ်ဆောင်ခဲ့တာကြောင့် အနုပညာလောကရဲ့အလားအလာအရှိဆုံးမင်းသမီးစာရင်းမှာပါဝင်နေတဲ့သူလည်းဖြစ်ပါတယ်။ 

https://s9.kh1.co/__image/w=500,h=750,q=100/03/03d47deae1747a234f0ba7bdb4b2e23e341bb9c9.jpg
Mary
Mery

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T