ကမ္ဘာ့အသက်အရှည်ဆုံး ငှက်မျိုးစိတ်ကိုသင်သိပါသလား

//s9.kh1.co/61/61c321764136f5fa032863172ebf8d3293381171.jpg
MPT

 ၂၁-ဖေ-၂၀၂၄ ၁၀am · လွန်ခဲ့သော ၅ လ က

ကမ္ဘာ့အသက်အရှည်ဆုံး ငှက်မျိုးစိတ်ကိုသင်သိပါသလား

?

နယူးဇီလန်နိုင်ငံမှာအစုလိုက်တွေ့ရတဲ့ Kakapo များဟာ ညအချိန်မှာကျက်စားလေ့ရှိတဲ့ ကြက်တူရွေးများအဖြစ်လူသိများပါတယ်။ ချစ်စရာကောင်းတဲ့ငှက်မျိုးစိတ်တစ်ခုလည်းဖြစ်ကာ ကြက်တူရွေးများအကြား ထူးခြားတဲ့ စရိုက်လက္ခဏာများကို ပိုင်ဆိုင်ထားတဲ့ရှားပါးမျိုးစိတ်တစ်ခုလည်းဖြစ်ပါတယ်။လှပတဲ့ အမွေးအတောင်များကို ပိုင်ဆိုင်ထားတဲ့ Kakapo များဟာအရှားပါးဆုံးငှက်မျိုးစိတ်များမှတစ်မျိုးလည်းဖြစ်သလို အခြားသောငှက်များထက်အသက်ပိုရှည်ပါတယ်

https://s9.kh1.co/__image/w=650,h=342,q=100/1c/1cec83297de77e46c54aa4be73644079754fdb10.jpg

ချစ်စရာကောင်းတဲ့ Kakapo များဟာတော့ကြက်တူရွေးမျိုးစိတ်အားလုံးမှာ အလေးဆုံကိုယ်အလေးချိန်ရှိတဲ့ မျိုးစိတ်တစ်ခုဖြစ်ကာ မျိုးပွားရာသီမှာပုံမှန်ခန္ဓာကိုယ်အလေးချိန်ထက် ၆၀ % - ၁၀၀ % အထိတက်လာတတ်ကြောင်းလည်းသိရပါတယ်။အားကောင်းသန်မာတဲ့နှုတ်သီးများကိုပိုင်ဆိုင်ထားပြီး ကြီးမားသော အလေးချိန်ရှိတဲ့အရာများကိုပင် သစ်ပင်ထိပ်ဖျားသို့ဆွဲတင်နိုင်စွမ်းရှိပါတယ်။ အတောင်ပံများမှာတိုတောင်းပြီး ထိုအတောင်ပံများကိုခေါက်ထားခြင်းဖြင့် ထိခိုက်ဒဏ်ရာရခြင်းကင်းဝေးစွာဖြင့်အမြင့်ပေ ၅၀ ခန့်မှပင်မြေပြင်သို့ခုန်ဆင်းနိုင်ကြပါတယ်

https://s9.kh1.co/__image/w=650,h=342,q=100/f2/f268e4057d0fa10269793ea72dc1d2cf99bf0b68.jpg

Kakapo မျိုးစိတ်များဟာသဘာဝမှာ အသက် ၆၀ မှ ၉၀ အထိအသက်ရှင်နိုင်ပြီး ကမ္ဘာ့အသက်အရှည်ဆုံး ငှက်မျိုးစိတ်များအဖြစ်သတ်မှတ်ခြင်းခံထားရပါတယ်။အဆိုပါ ကြက်တူရွေးများဟာ နယူးဇီလန်နိုင်ငံရဲ့ အဓိကကျွန်းနှစ်ခုဖြစ်မှာအဓိကနေထိုင်ကြပြီး လူသားများမရောက်မှီကပင်ထိုဒေသများမှာနေထိုင်ခဲ့ကြောင်းပညာရှင်တို့ခန့်မှန်းထားပေမဲ့ ကျောက်ဖြစ်ရုပ်ကြွင်းတွေ့ရှိမှုတော့များစွာမတွေ့ခဲ့ရပါဘူး။ထူးခြားပြီးလှပတဲ့ဒီကြက်တူရွေးမျိုစိတ်များဟာ အကောင်အရေအတွက်လွန်စွာကျဆင်းနေပြီးပျမ်းမျှအားဖြင့် အကောင်အရေအတွက် အနည်းငယ်ခန့်သာကျန်ရှိနေတောကြောင်းလည်းလေ့လာသူတို့ဆိုပါတယ်

https://s9.kh1.co/__image/w=650,h=342,q=100/c3/c38f75d8b431fc220437752e83f177151b29425b.jpg
Thant Zin Aung
Thant Zin

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T