ဆိုးဝါးသောအသွင်ကိုပိုင်ဆိုင်ထားပေမဲ့ရေညှိရေမှော်များသာ စားသော Marine Iguanaများ

//s9.kh1.co/22/229133eea5e8c51f6a4f13340c0327f60bb1e7df.jpg
MPT

 ၂၁-ဖေ-၂၀၂၄ ၉am · လွန်ခဲ့သော ၅ လ က

ဆိုးဝါးသောအသွင်ကိုပိုင်ဆိုင်ထားပေမဲ့ရေညှိရေမှော်များသာ စားသော Marine Iguanaများ

Galápagos Marine Iguana ဟာ Galápagosuကျွန်းမှာသာတွေ့ရတဲ့ပုတ်သင်မျိုးစိတ်တစ်မျိုးဖြစ်ပါတယ်။ ၎င်းပုတ်သင်ဟာ ဆိုးဝါးသောပုတ်သင်များအဖြစ်ထင်ရှားပြီး ဇီဝဗေဒပညာရပ်၏ဖခင်ကြီးဖြစ်သူ Charles Darwin မှလည်း ကြောက်စရာကောင်းပြီး၊စက်ဆုပ်ဖွယ်ကောင်းသော သတ္တဝါများအဖြစ် ဖော်ပြခဲ့ပါတယ်။ Galápagos ကျွန်းရဲ့ Marine Iguana ဟာ၎င်းတို့ရဲ့ထူးခြားတဲ့ဂေဟစနစ်ဆိုင်ရာလိုက်လျောညီထွေးမှုရှိတဲ့အသွင်အပြင်ကိုလည်းပိုင်ဆိုင်ထားပါတယ်

https://s9.kh1.co/__image/w=650,h=342,q=100/32/32f79810580749e70d46ec9d92ff3c7157dad287.jpg

ကြမ်းတမ်းသောအသွင်ကိုပိုင်ဆိုင်ထားသော Galápagos Marine Iguanaတွေဟာ Galápagosကျွန်းပေါ်ကို မည်သို့စတင်ရောက်ခဲ့သည်ကိုတော့ဘယ်သူမှမသိရသေးပါဘူး။ မူလအစတွင်တော့တောင်အမေရိကမှာ စတင်ပေါ်ပေါက်ခဲ့ပြီး သစ်တုံးများနဲ့အခြားသောအပျက်အစီးများ ပင်လယ်အတွင်းမျှောပါလာခြင်းမှ Galápagos ကျွန်းပေါ်သို့ပျံ့ပွားရောက်ရှိသွားကြောင်းသိပ္ပံပညာရှင်အသိုင်းအဝိုင်းမှာတော့ခန့်မှန်းထားကြပါတယ်။ အဏ္ဏဝါ iguana များအဖြစ်လည်းလူသိများတဲ့ ရေနေပုတ်သင်ကြီးများကိုတော့  သောမတ်ဘဲလ်မှ Amblyrhynchus cristatus အဖြစ် ၁၈၂၅ ခုနှစ်မှာပထမဆုံးဖော်ပြခဲ့ပါတယ်

https://s9.kh1.co/__image/w=650,h=342,q=100/2e/2e9c5557a2dfaf64e44fd69face440c732c3ce22.jpg

လက်ရှိအချိန်မှာ Galápagos Marine Iguanaတို့ရဲ့ဥများဟာ ကြွက်များ၊တောကြောင်များအပါအဝင် အခြာသောသဘာဝခြိမ်းခြောက်မှုများကြုံတွေ့နေရပြီး အဆိုပါပုတ်သင်များရဲ့ အရေအတွက်ကို တော့အတိ အကျမသိရသေးပါဘူး။ရေနေသတ္တဝါများမျိုးစိတ်များဖြစ်သည်နဲ့အညီကြမ်းတမ်းသောအသွင်ကိုပိုင်ဆိုင်ထားပေမဲ့ ရေအောက်ရှိရေညှိ ရေမှော်များကိုသာစားသောက်ပြီးရှင်သန်ကြတဲ့ သတ္တဝါတွေပဲဖြစ်ပါတယ်။ ကျောက်နံရံ များမှရေညှိများကို ခြစ်ထုတ်ရန်ထက်မြတ်သောသွားများကိုပိုင်ဆိုင်ထားကြကာ အမြှီးမှာဘေးတိုက်ပြားသွား သောကြောင့်ရေမှာမိကျောင်းတစ်ကောင်ကဲ့သို့ရွှေ့လျားနိုင်ကြပါတယ်

https://s9.kh1.co/__image/w=650,h=342,q=100/eb/ebd144fe3e4a4aa79d3dc43a9a35f1bc1ecd802a.jpg
Thant Zin Aung
Thant Zin

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T