အဖွဲ့ဝင်စုံနေရင် ပိုအောင်မြင်နိုင်ခြေရှိခဲ့တဲ့အဖွဲ့များ

//s9.kh1.co/b9/b939acff466c610236850f03c0c007d7902a6acd.jpg
MPT Korea Celebrity

 ၂၀-ဖေ-၂၀၂၄ ၃pm · လွန်ခဲ့သော ၅ လ က

အဖွဲ့ဝင်စုံနေရင် ပိုအောင်မြင်နိုင်ခြေရှိခဲ့တဲ့အဖွဲ့များ

 iKON

အိုင်ကွန်အဖွဲ့ဟာ အောင်မြင်မှုအရှိန်အဟုန်ရနေချိန်မှာပဲ အဖွဲ့ရဲ့ခေါင်းဆောင်ဖြစ်တဲ့ BI ကမူးယစ်ဆေးကိစ္စကြောင့် အဖွဲ့ထဲကနေနှုတ်ထွက်သွားခဲ့ရတာပါ။ ဒီကိစ္စဟာ အဖွဲ့ရဲ့အောင်မြင်မှုကိုအများကြီးအကျိုးသက်ရောက်ခဲ့ပြီးတော့ ထင်ထားသလောက်အောင်မြင်ထွန်းပေါက်တာမျိုးမရှိခဲ့တော့ပါဘူး။

https://s9.kh1.co/__image/w=564,h=627,q=100/fd/fd72621bc0e444b5add0e41fb115da058ee22b5e.png

EXO

တရုတ်အဖွဲ့ဝင်တွေရဲ့ ထွက်ခွာမှုဟာ EXO အဖွဲ့ရဲ့ကျော်ကြားမှုနှင့်အောင်မြင်မှုကိုအများကြီးအကျိုးသက်ရောက်ခဲ့ပါတယ်။ တစ်ကယ်လို့ EXO သာအဖွဲ့ဝင်စုံစုံညီညီရှိနေအုံးမယ်ဆိုရင် ဘယ်ကေပေါ့အဖွဲ့မှမမှီနိုင်တဲ့အဖွဲ့တစ်ခုအဖြစ်ရှိနေအုံးမှာဖြစ်ပါတယ်။

https://s9.kh1.co/__image/w=564,h=538,q=100/70/705b2787def96f041c92e63a15285b36d49a6eb5.png

MONSTA X

အဖွဲ့ဝင် Wonho ရဲ့ထွက်ခွာမှုဟာ Monsta X ရဲ့အောင်မြင်မှုအလားအလာတွေအများကြီးကို ပျက်စီးသွားစေခဲ့ပါတယ်။ အထူးသဖြင့် ပြည်ပပရိုမိုးရှင်းတွေမှာ အဖွဲ့ဝင်တစ်ယောက်ရဲ့လစ်ဟာမှုဟာ အထင်းသားဖြစ်နေခဲ့တာပါ။

https://s9.kh1.co/__image/w=564,h=789,q=100/b5/b5eea39a3fbab75053006f9ad7f6999d464f667f.png

MOMOLAND

ပွဲဦးထွက်တုန်းက အောင်မြင်မှုတွေအများကြီးပိုင်ဆိုင်နိုင်ခဲ့တဲ့ အဖွဲ့ဟာလည်း အဖွဲ့ဝင်တွေမစုံညီတော့တာကြောင့် ထင်ထားသလောက်အောင်မြင်မှုကြီးကြီးမားမားမရနိုင်ခဲ့တာလို့ ပရိတ်သတ်တွေကယူဆထားကြပါတယ်။

https://s9.kh1.co/__image/w=564,h=564,q=100/fb/fbba85cc6b8d2efe69c29cb8f1d42a90d5186030.png

PENTAGON

Dawn ရဲ့ထွက်ခွာမှုကလည်း Pentagon အဖွဲ့ရဲ့အောင်မြင်မှုတွေကို အများကြီးထိခိုက်စေခဲ့ပါတယ်။ အဖွဲ့ရဲ့အကျော်ကြားဆုံးမန်ဘာတစ်ယောက်ထွက်သွားခြင်းက အဖွဲ့ရဲ့အောင်မြင်မှုတွေကို အကန့်အသတ်တစ်ခုအတွင်းမှာပဲ ဖြစ်စေခဲ့ပါတယ်။ 

https://s9.kh1.co/__image/w=564,h=846,q=100/79/79f7e5b79778a428d43cf7ab37d119a1b4ef125d.png
Mary
Mery

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T