အသားအရေပြဿနာတွေထဲက အဓိကပြဿနာတစ်ခုဖြစ်တဲ့ ချွေးပေါက်ကျယ်ခြင်းကလည်း မိန်းကလေးတွေအတွက် စိတ်ရှုပ်စရာကောင်းတဲ့ ပြဿနာတစ်ခုဖြစ်ပါတယ်။ ချွေးပေါက်ကျယ်ခြင်းဟာ မျိုးရိုးကြောင့်အဓိကဖြစ်တတ်ပါတယ်။ ကိုယ့်ရဲ့မိဘတွေက ချွေးပေါက်ကျယ်ကြတယ်ဆိုရင် ကိုယ့်ရဲ့အသားအရေကလည်း သေချာပေါက်ချွေးပေါက်ကျယ်နေမှာဖြစ်ပါတယ်။

ဒါ့အပြင် နေရာင်ကိုသေချာမကာကွယ်တာကလည်း ချွေးပေါက်တွေကိုပိုကျယ်လာစေနိုင်တဲ့အကြောင်းပြချက်တစ်ခုဖြစ်ပါတယ်။ နေလောင်ကာခရင်မ်လိမ်းခြင်းက ဒီလိုချွေးပေါက်ကျယ်တဲ့ပြဿနာတွေကို အထိရောက်ဆုံးကာကွယ်ပေးနိုင်မယ့်နည်းလမ်းတစ်ခုပဲဖြစ်ပါတယ်။ ဒါ့အပြင် အဆီများတဲ့ပစ္စည်းတွေကို အသုံးပြုခြင်းက ချွေးပေါက်တွေကိုပိုကျယ်လာစေတတ်ပါတယ်။

ဒါကြောင့် ချွေးပေါက်ကျယ်တဲ့သူတွေအနေနှင့် အသားအရည်ထိန်းသိမ်းတဲ့ပစ္စည်းတွေသုံးတဲ့အချိန် သေချာရွေးချယ်ပြီးတော့ ရေဓာတ်များတဲ့ပစ္စည်းတွေကိုသုံးပေးသင့်ပါတယ်။ ဒါ့အပြင် ရာသီဥတုကြောင့်လည်း ချွေးပေါက်တွေပိုကျယ်လာနိုင်ပါတယ်။ အထူးသဖြင့် ပူပြင်းတဲ့နွေရာသီလိုမျိုးမှာချွေးဂလင်းတွေပိုထွက်လာတာကြောင့်ချွေးပေါက်ပိုကျယ်ကြလေ့ရှိပါတယ်။ မိန်းကလေးတွေဟော်မုန်းအပြောင်းအလဲဖြစ်ချိန်မှာလည်း ချွေးပေါက်တွေပိုကျယ်လာတတ်ပါတယ်။
