Collagen လျော့နည်းလာရခြင်းရဲ့အကြောင်းရင်းများ

//s9.kh1.co/0c/0cb260cfea234dde8296a5590a8cd8acddf7a40c.jpg
ကျန်းမာရေးနှင့် အလှအပရေးရာ

 ၂၀-ဖေ-၂၀၂၄ ၃pm · လွန်ခဲ့သော ၅ လ က

Collagen လျော့နည်းလာရခြင်းရဲ့အကြောင်းရင်းများ

လူသားတွေဟာ အသက်ကြီးလာတာနှင့်အမျှ နုပျိုမှုတွေဆုံးရှုံးပြီးတော့ Collagen တွေနည်းပါးလာပါတယ်။ အသက်အရွယ်ကြီးမားမှုကြောင့် Collagen နည်းပါးလာတာဟာအဓိကပြဿနာဖြစ်ပေမဲ့ တစ်ခြားအကြောင်းရင်းတွေကြောင့်လည်း နည်းပါးလာနိုင်ပါတယ်။ စိတ်ဖိစီးမှုတွေကလည်း စိတ်ပိုင်းဆိုင်ရာကိုသာမက ကိုယ်ပိုင်းဆိုင်ရာကိုပါ အတော်လေးအားနည်းစေတာကြောင့် စိတ်ဖိစီးမှုတွေဟာ ကော်လာဂျင်တွေကိုလျော့နည်းလာစေတဲ့အဓိကအကြောင်းရင်းဖြစ်ပါတယ်။ 

https://s9.kh1.co/__image/w=564,h=1002,q=100/b0/b03cd2414de43285120a3f0419db0b0261bd0ead.png

နောက်တစ်ချက်ကတော့ အချိုတွေအစားလွန်ခြင်းနှင့် အယ်လ်ကိုဟောသောက်သုံးခြင်းတို့ဖြစ်ပါတယ်။ ဒီနှစ်ခုလုံးဟာ ကော်လာဂျင်တွေကိုလျော့နည်းစေနိုင်ပါတယ်။ နေလောင်ကာခရင်မ်မလိမ်းခြင်းကလည်း အသားအရေနေလောင်မှုကို ဖြစ်စေသလို မျက်နှာအသားအရေရဲ့ကော်လာဂျင်တွေကို လျော့နည်းသွားစေတာကြောင့် မရှိမဖြစ်လုပ်သင့်တဲ့အရာဖြစ်ပါတယ်။

https://s9.kh1.co/__image/w=564,h=704,q=100/c1/c197af6f53a09fd9f3f16f7c3588eac4381555d2.png

အိပ်စက်မှုပုံမမှန်ခြင်းနှင့် ကျန်းမာတဲ့ဘဝနေထိုင်မှုပုံစံမရှိခြင်းကလည်း ကော်လာဂျင်တွေကိုအလျင်အမြန်လျော့နည်းလာစေနိုင်ပါတယ်။ အထူးသဖြင့် အမျိုးသမီးတွေအနေနှင့်ဆိုသွေးဆုံးပြီးနောက်ပိုင်းမှာ အရင်ကထက်ပိုပြီးကော်လာဂျင်တွေနည်းပါးသွားပြီးတော့ အသားအရေပြဿနာတွေကိုပိုကြုံတွေ့လာရမှာဖြစ်ပါတယ်။ 

https://s9.kh1.co/__image/w=563,h=731,q=100/17/17331aa72ec52f11ab6e7a71f731e06cb268ecda.png
Mary
Mery

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T