မျက်နှာအသားအရေပေါ်မှာ ဒုက္ခအပေးဆုံးအရာတွေဟာ ဝက်ခြံတွေဖြစ်သလို အဆီဖုတွေလည်းဖြစ်ပါတယ်။ အဆီဖုတွေဟာ တစ်ခါပေါက်ပြီးရင်တော်ရုံနှင့်မပျောက်တော့ဘဲ မကြာခဏပြန်ပေါ်လာတတ်ကြတဲ့ အသားအရေပြဿနာတစ်ခုဖြစ်ပါတယ်။ အဆီဖုဖြစ်ရတဲ့အကြောင်းရင်းတွေကို ဖော်ပြပေးသွားပါမယ်။

အရင်ဆုံးအဆီဖုဟာ မျက်နှာအသားအရေပေါ်ကညစ်ညမ်းမှုတွေကြောင့် အရေပြားအတွင်းမှာပိတ်မိပြီးဖြစ်လာတဲ့ပြဿနာပါ။ အထူးသဖြင့် ဆံစပ်နားတွေမှာပေါက်တတ်တဲ့အဆီဖုတွေဟာ ဆံပင်မသန့်ရှင်းတာကြောင့် ဖြစ်တတ်ပါတယ်။ ရေဓာတ်မရှိတာကြောင့်လည်း အဆီဖုတွေအလွယ်တကူပေါက်နိုင်ပါတယ်။ မိတ်ကပ်ပစ္စည်းနှင့် အဆီပါဝင်တဲ့ ပစ္စည်းတွေကိုအသုံးပြုပြီး သန့်ရှင်းရေးသေချာမလုပ်တာကလည်း အဆီဖုတွေကို ဆိုးဆိုးရွားရွားထွက်လာစေတဲ့အကြောင်းအရာပါ။

ဒါ့အပြင်ဆေးလိပ်နှင့်အယ်လ်ကိုဟောသောက်သုံးခြင်းကလည်း အဆီဖုတွေဖြစ်လာရခြင်းရဲ့အဓိကအကြောင်းရင်းလည်းဖြစ်ပါတယ်။ သကြားနှင့်နို့်ထွက်ပစ္စည်းလိုမျိုး အချိုဓာတ်လွန်ကဲတဲ့အစားအသောက်တွေစားခြင်းကလည်း ကျန်းမာရေးအတွက်သာမက အသားအရေကိုပါဆိုးကျိုးတွေဖြစ်လာစေပါတယ်။ အမျိုးသမီးတွေအနေနှင့် ကိုယ်ဝန်တားဆေးလိုမျိုးဟော်မုန်းပြောင်းလဲစေတဲ့ဆေးတွေကလည်း အဆီဖုကိုပိုပြီးထွက်လာစေမှာဖြစ်ပါတယ်။
