တောင်ကိုးရီးယားနိုင်ငံရဲ့နာမည်ကြီးကစားသမားတစ်ယောက်ဖြစ်ပြီးတော့ ပရီးမီးယားလိဂ် အသင်းမှာ ကစားနေတဲ့ လီဂန်အင်ဟာလက်ရှိအချိန်မှာ ကြော်ငြာရှင်တွေရဲ့တရားစွဲမှုကိုခံရမယ့်အခြေအနေဖြစ်နေပါတယ်။ လီဂန်အင်ဟာ တောင်ကိုးရီးယားနိုင်ငံအသင်းခေါင်းဆောင်ဖြစ်တဲ့ ဆွန်ဟောင်မင်နှင့်ပြဿနာအပြီးမှာ အခုလိုဖြစ်ရပ်တွေကိုကြုံလာရတာပါ။

လီဂန်အင်နှင့်ဆွန်ဟောင်မင်တို့ကြားက ပြဿနာတွေကြောင့် ဆွန်ဟောင်မင်ဟာလက်ချောင်းမှာဒဏ်ရာရခဲ့ပြီးတော့ ဘောလုံးပွဲမှာလည်းရှုံးနိမ့်ခဲ့ကြပါတယ်။ ဒီဖြစ်ရပ်တွေကြောင့် တောင်ကိုးရီးယားပြည်သူတွေဟာ လီဂန်အင်ကိုအတော်လေးဒေါသထွက်နေကြတာကြောင့် လီဂါအင်နှင့်စာချုပ်ချုပ်ထားတဲ့ဘရန်းတွေကနေပြီး ကြော်ငြာတွေကိုဖြုတ်ချနေကြပါတယ်။

Arachi Chicken အပါအဝင် တစ်ခြားကြော်ငြာရှင်တွေဟာ လီဂန်အင်ကြောင့် သုံးစွဲသူတွေဆီကနေပြီး Boycott လုပ်ခံနေရတာကြောင့် လီဂန်အင်ကိုလျော်ကြေးငွေပေးခိုင်းဖို့ ပြင်ဆင်နေတယ်လို့ ကြော်ငြာအသိုင်းအဝိုင်းကနေတစ်ဆင့်သိရပါတယ်။ လက်ရှိအချိန်ထိတော့ လီဂန်အင်ဖက်ကနေပြီး ဒီသတင်းတွေနှင့်ပတ်သက်ပြီးတစ်စုံတစ်ရာတုံ့ပြန်လာခြင်းမရှိသေးပါဘူး။
